..............................

Tuesday, November 27, 2012

မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည်

2012-11-26

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီ အဖွဲ့ဟာ နေပြည်တော်မှာ ရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ စစ်ဆေးမှု အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတွေ ခေတ်မှီအောင် ကြိုးစားရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့ ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံးတွေကို ၀င်ရောက် စစ်ဆေး အပြီးမှာ နေပြည်တော် က နေအိမ်ကို ပြန်လည် ထွက်ခွာသွားပြီး ကော်မတီ အတွင်းရေးမှုး ဦးဝင်းမြင့် နဲ့ အဖွဲ့ဝင်တွေက ပျဉ်းမနား မြို့နယ် တရားရုံးကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။

အခုလို ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တရားရုံးတွေကို ရှောင်တခင် သွားရောက် စစ်ဆေးတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့