..............................

Friday, November 30, 2012

မန္တလေးသံဃာတွေ ထိုင်သပိတ်စတင်မည်

2012-11-29

မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ် စခန်းတွေကို လုံထိန်း တပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာ ရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေး ဘုရားကြီးဝင်း အတွင်းမှာ သံဃာ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော် ထိုင်သပိတ် စတင်ဖို့ ဆုံးဖြတ် လိုက်ကြတယ်လို့ ဦးဆောင် သံဃာတော်တွေက ဆိုပါတယ်။

ဒီကနေ့ညနဲ့ မနက်ဖြန်ခါ သင့်တော်တဲ့အချိန်မှာ မန္တလေးသံဃာတော်တွေအနေနဲ့ ထိုင်သပိတ် လုပ်ကြမှာဖြစ်တယ်လို့ မန္တလေး၊ မဟာ ဂန္ဓာရုံကျောင်းတိုက် ဘဝအလင်း ဆရာတော် ဦးသောဘိတက RFA ကို ပြောပြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ် စခန်းတွေကို ဝင်ရောက်စီးနင်း ဖြိုခွဲ ခဲ့ပြီးနောက်မှာ မီးလောင်ဒဏ်ရာ အပြင်းအထန် ရရှိနေရတဲ့ သံဃာတော်တွေဟာ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သံဃာတော် (၇) ပါး ဖမ်းဆီး ထိန်းသိမ်း ခံထားရသလို တစ်ချို့ သံဃာတွေလည်း ပျောက်ဆုံးနေတယ်လို့ မိန့်ကြား ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့