..............................

Tuesday, November 27, 2012

လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြ

2012-11-26

မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ ဆူးလေဘုရား အနီး နဲ့ မဟာဗန္ဓုလ လမ်းမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ကဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ များ အဖွဲ့ချုပ် ဝင်တွေနဲ့၊ အခြားတက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့က အဖွဲ့ဝင် တွေဟာ လက်ပန်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး၊ ခရိုနီ စီးပွါးရေး စနစ် ဆန့်ကျင်ရေး၊ မြန်မာဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာနိုင်ငံက ထွက်ခွာရး စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ခွင့်ပြုချက်မရှိပဲဆန္ဒပြရင် ပုဒ်မ ၁၈ နဲ့အရေးယူလို့ ရတဲ့အကြောင်း ဗကသများအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး ကိုသီဟဝင်းတင် အပါအဝင် ကိုဝင်းကို၊ ကိုရဲလင်း၊ ကိုဘိုဘိုကျော်တို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်ယူ သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လတ်တလောဖြစ်ရပ်တွေနဲ့ ပတ်သက် လို့ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ရုံးမှာ ပြုလုပ် ခဲ့ပါတယ်။

မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ခေါင်းဆောင် ၄ ယောက်ကို ရိုက်နှက်ဖမ်းဆီးလိုက်တဲ့ ကိစ္စ၊ လက်ပန်းတောင်း တောင် သပိတ်အပါ အဝင် ပြည်သူတွေရဲ့တောင်းဆိုမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လွှတ်တော်က ဆန္ဒပြပြည်သူတွေနဲ့ ညှိနှိုင်းပြီး ပြဿနာပြေလည်အောင် ဆောင်ရွက် သင့်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့