..............................

Sunday, June 26, 2011

မန္တလေး၌ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာ၌ နေပြည်တော်နှင့် ပြင်ဦးလွင် တို့၌ ပေါက်ကွဲမှု ဖြစ်ပွား

Friday, 24 June 2011

မန္တလေးဈေးချိုဟိုတယ်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်း အကြာ၌ နေပြည်တော်နှင့် ပြင်ဦးလွင်တို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

နေပြည်တော် သပြေကုန်းရပ်ကွက် ငုဝါလမ်းရှိ အိမ်တစ်အိမ်၌ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်မှာ လူမနေသည့်အိမ် ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရှိရပါသည်။

"ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အပျက်အစီးတွေက အနီးဝန်းကျင် ပေ ၈၀ ခန့်ထိ လွင့်စင်ခဲ့တာကို တွေ့ရပါတယ်၊ အခု အခင်း ဖြစ်ပွားရာ နေရာမှာ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေတာကို တွေ့ရပြီး မိုင်းရှာတဲ့ခွေး ပါလာတာကိုလည်း တွေ့ရပါတယ်"ဟု အခင်း ဖြစ်ပွားရာ နေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် နေပြည်တော် သပြေကုန်း ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် နေရာမှာ ရပ်ကွက်ကြီး ၃ အကွက်အမှတ် ၄ တွင်ဖြစ်ကြောင်း၊ လူမနေသည့် အိမ်တွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုမှာ မွန်းတည့် ၁၂ နာရီ ဝန်းကျင်က ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

Ref: EMG News

0 comments:

အပေါ်သို့