..............................

Friday, February 18, 2011

လစ်ဗျား ရဲ စခန်း ကို ဆန္ဒပြသူများ မီးတင်ရှို့၊ အာရပ်အုံကြွမှု လှိုင်း အာဏာရှင်များ တောင့် မခံနိုင်

February 17, 2011

Revolution Without Border

Breaking News ။လစ်ဗျား နိုင်ငံ က သောကြာနေ့ကို အထွေထွေ သပိတ် စတင်မည့်နေ့ အဖြစ် သတ်မှတ်။

အမေရိကန် အမှတ် ၅ ရေတပ် မတော် အခြေစိုက် သည့် ဘာရိန်း နိုင်ငံ မနားမားတွင်မြို့တွင် ဆန္ဒပြသူများ ကို အင်အားသုံး ဖြိုခွဲမှုကြောင့် သေဆုံးသူ များပြား။

လစ်ဗျား နိုင်ငံ ပင်လယ်ကမ်းခြေမြို့ ဖြစ်သည့် ဘန်ဂါဇီ တွင် ဆန္ဒပြသူများ ရဲအင်အား ၃၀၀ ကျော် ရှိသည့် မြို့တော် ရဲစခန်းကို မီးတင် ရှို့လိုက်ကြသည်။ မြို့ တော် ထရီပိုလီ တွင်လည်း ဆန္ဒပြမှုများ အားကောင်းနေပြီး ၊ ဘာရိန်း နိုင်ငံတွင်မူ နိုင်ငံလုံးကျွတ် ဆန္ဒပြ နေကြကာ၊ အီရတ် တွင်မူ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အစိုးရရုံးကို မီးရှို့လိုက်ကြသည်။

လစ်ဗျား ပြည်သူများက နိုင်ငံ ကို ၄၂ နှစ်ကြာ အုပ်ချုပ် ထားသည့် အာဏာရှင် လစ်ဗျား ခေါင်းဆောင် အသက် ၆၈ နှစ် အရွယ်ရှိ မွမ်မါ ကဒါဖီ နှုတ်ထွက်ရန် တောင်းဆိုထားသည်။

အီရတ်၊ အီရန်၊ လစ်ဗျား၊ ယီမင်၊ ဘာရိန်း တို့ ဆက်လက် ဆန္ဒပြ နေကြပြီး ဂျော်ဒန်၊ မြန်မာ၊ ထိုင်း နှင့် ကမ္ဘောဒီးယား တို့တွင် မငြိမ်မသက် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများ က သုံးသပ် ထားကြသည်။

ယနေ့ အမေရိကန် နိုင်ငံ ဟားဗတ် တက္ကသိုလ်ဉ် ကျင်းပသည့် အီဂျစ် အုံကြွမှု နှင့် ဒီမိုကရေစီလှိုင်း အမည်ရှိ ဆွေးနွေးပွဲ တွင် ထိုလှိုင်းသည် မြန်မာနိုင်ငံ သို့လည်း ရိုက်ခတ် နိုင်ကာ စစ်တပ် အနေဖြင့် ဒီမိုကရေစီဘက် ရုတ်ခြည်း ရပ်တည် နိုင်သည်။ သတင်းဆက်သွယ်ရေး နည်းပညာ ထွန်းကားသည့် ကာလအတွက် အားအပျော့ ( Soft Power) က အဆုံးစွန် ကိုင်လှုပ် နိုင်သည်ဟု အီဂျစ် နိုင်ငံသား အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ တာရခ် မာဆွတ်က သုံးသပ်သည်။

ဘာရိန်း နိုင်ငံ ပုလဲ ရင်ပြင်တွင် ဆန္ဒပြသူများ ကို ရဲတပ်ဖွဲ့ဝင်များ က အင်အား သုံး၍ ယနေ့ အရုဏ်တက်တွင် ၀င်ရောက် ဖြိုခွဲရာ ဆန္ဒပြသူ နှစ်ဦး သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာ ရရှိသည်။

ဆန္ဒပြ ပွဲများ တွင် လူမှု မီဒီယာများ နှင့် ခေတ်ပေါ်နည်း ပညာများကို မည်သို့ အသုံးချရမည်ကို
Ref: ဤနေရာ တွင်ကြည့်ပါ။

Ref: Freedom News Group

0 comments:

အပေါ်သို့