..............................

Tuesday, February 15, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလုံး၍ စကားမပီ

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံ နှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိ ထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့ အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ် ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ အသက် ကြီးလာတော့လည်း လျှာက လိပ်လာပြီ ဆိုတော့ အခြေအနေ သိပ် မကောင်းသေးဘူးပေါ့။ နောက် နည်းနည်းတော့ ထော့နဲ့ ထော့နဲ့နဲ့ပေါ့” ဟု ဧည့်ခံပွဲ တက်သည့် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

တနင်္ဂနွေနေ့ စစ်အစိုးရအာဘော် သတင်းစာများတွင် နအဖ ဥက္ကဋ္ဌ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေ” နှင့် နအဖ ကောင်စီ ဝင်များက အမတ်များကို လိုက်နှုတ်ဆက်ပုံကို ဖော်ပြ သော်လည်း ဗိုလ်ချုပ်မှူးကြီး၏ ဇနီးဒေါ်ကြိုင်ကြိုင် ကိုမူ ဓာတ်ပုံထဲ၌ မတွေ့ရပေ။

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့က တည်ခင်း ဧည့်ခံမည်ဟု ဖိတ်စာအတွင်း ဖော်ပြ ထားသော်လည်း ဒေါ်ကြိုင်ကြိုင်ကို မမြင်လိုက်ရဟု အမတ် တဦးက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့