..............................

Sunday, January 23, 2011

ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်

ဆိုမာလီယာ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ ဓာတုဗေဒ ကုန်တင် သင်္ဘော Samho Jewelry ကို တောင်ကိုရီးယား အထူး ကွန်မန်ဒို အင်အား ၃၀၀ လိုက်ပါလာတဲ့ တောင်ကိုးရီးယား ရေတပ်ရဲ့ ဖျက်သင်္ဘော Choi Young က စီးနင်း တိုက်ခိုက် သုတ်သင်လိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုခဲ့ပါသည်။

ဒီ လျှို့ဝှက် ချေမှုန်းသုတ်သင်ရေး စစ်ဆင်ရေးကို အယ်ထ်ဒန်ပင်လယ်ကွေ့ အာရုဏ်ဦးလို့ အမည်ပေးခဲ့ပြီး၊ ဆိုမာလီယာ ပင်လယ်ကွေ့မှာ စောင့်ကြည့် ကင်းလှည့်နေကြတဲ့ အခြားနိုင်ငံများရဲ့ ရေတပ် အကူအညီဖြင့် ပြန်ပေးဆွဲခံ သင်္ဘောနှင့် သင်္ဘောသားများအား အောင်မြင်စွာ ကယ်တင် နိုင်ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက ထုတ်ဖော်ပြောဆို ခဲ့ပါသည်။

တောင်ကိုးရီးယားရေတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့ ရဲ့ ၅နာရီကြာ စစ်ဆင်ရေးမှာ သင်္ဘောရဲ့ ရေယာဉ်မှူး ၀မ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး၊ ဆိုမာလီယာ ပင်လယ် ဓားပြရှစ်ဦး သေကာ၊ ငါးဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း Yonhap news agency က သတင်းမှာ ဖော်ပြထား ပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က တောင်ကိုးရီးယား နိုင်ငံသားတွေကို အခုလို အကြမ်းဖက် တိုက်ခိုက်မှု မျိုးကို ဘယ်တော့မှ သည်းညည်း မခံဘူးလို့ ပြောဆိုခဲ့ပြီး ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူအားလုံးကို ချီးကျူး ပြောဆိုခဲ့တယ်။

ပြန်ပေးဆွဲခံထားခဲ့ရတဲ့ Samho Jewelry သင်္ဘောပေါ်မှာ တောင်ကိုရီးယား သင်္ဘောသား ၈ ယောက်၊ အင်ဒိုနီးရှား ၂ ယောက် နှင့် မြန်မာ သင်္ဘောသား ၁၁ ယောက် ပါရှိပြီး၊ သူတို့အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။


0 comments:

အပေါ်သို့