..............................

Friday, January 28, 2011

နအဖအရာရှိနှင့်တပ်သား အပြန်အလှန်ပစ်သတ်

Thursday, 27 January 2011

မြောက်ပိုင်း SSA နယ်မြေနှင့် ကပ်လျက်လှုပ်ရှားသည့် နအဖ အရာရှိနှင့် တပ်သား အပြန်အလှန် ပစ်ခတ်ရာ ဗိုလ်ကြီးနှင့် တပည့် ဖြစ်သူ ရဲဘော် တပ်သား သေဆုံးကြောင်း စုံစမ်း သိရှိရပါသည်။

“ကင်းစောင့်ပြီးပြန်လာတဲ့ ရဲဘော် ဘာကို မကျေနပ်ထားတာလဲ မသိဘူး။ ပြန်ရောက် လာတော့ အရာရှိ တချို့နဲ့ မြေပုံ ကြည့်နေတဲ့ စစ်ကြောင်းမှူးကို စပစ်တာ။ အဲဒီဗိုလ်ကြီးလဲ ဘယ်ဘက်လက်နဲ့ မျက်ခုံး တဖက်မှာ ထိသွားတယ်” - ဟု အဆိုပါ တပ်နှင့် နီးစပ်သူ တဦးက ပြောပြပါသည်။

၂၀၁၁ ဂျန္န၀ါရီ ၂၅ ရက် ၁၅း၃၀ နာရီတွင် ရဲဘော်သိန်းဇော် ဆိုသူက ကင်းစောင့် တာဝန် ပြီးဆုံးပြီး တပ်စခန်းတွင်း ပြန်ဝင်လာ ခဲ့ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်မြတ်စိုးနှင့် အရာရှိအချို့ မြေပုံ ကြည့်နေသည်ကို တွေ့သည်နှင့် ရဲဘော် သိန်းဇော် က စစ်ကြောင်းမှူးအား MA 1 နှင့် ပစ်ခတ် ခဲ့သောကြောင့် ဗိုလ်ကြီး အောင်မြတ်စိုး လက်မောင်း၌ ထုတ်ချင်းပေါက် ဖောက်ဝင်သွားကြောင်း နီးစပ်သည့် ဆေးဝန်ထမ်း တဦးကလည်း ဤကဲ့သို့ ပြောပြပါသည်။

“အဲ့မှာရှိနေတဲ့ စစ်သားတွေ ရဲဘော် သိန်းဇော်ကို သေနတ်ချိန်ပြီး လက်နက်ချဖို့ အော်ဟောက်ကြ အဲဒီ အချိန်မှာ ဗိုလ်ကြီး အောင်မြတ်စိုးက ပစ္စတို ထုတ်ပြီး ပစ်ထည့် လိုက်တော့ အရှိုက်ထိ ပွဲချင်းပြီး သေတာဘဲ” - ဟု ဆို၏။

အခင်းဖြစ်ပွားပြီး ထိုနေ့ည ၂၀း၀၀ နာရီ တွင် စစ်ကြောင်း တခုလုံး မိုင်းနောင်သို့ တပ်ရုပ် ပြန်သွား ခဲ့သည်ဟု ဆို၏။

မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးအောင်မြတ်စိုး ဦးဆောင်သော စစ်ကြောင်းသည် ဒေသခံ လူထုအား မတရား ညှင်းပမ်း နှိပ်စက်မှု အပြင် ကြက်၊ ၀က်၊ ဘဲ၊ နွားများ မကြာခဏ ဆင့်ဆို ခဲ့သည်ဟု ဆို၏။

တိုက်ပွဲအတုများလည်း ဖန်တီး၏။ အပတ်စဉ်၊ လစဉ် အစီရင်ခံစာ၌လည်း အထက်သို့ အကြောင်း အမျိုးမျိုး မရိုးနိုင်အောင် လိမ်လည် အစီရင်ခံ တင်သည်ဟုလည်း ၎င်းနှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့