..............................

Friday, November 12, 2010

ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြည်ဝင်ခွင့်ဗီဇာရ

2010-11-11

မိခင်ဖြစ်သူကို တွေ့ဆုံနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် ကင်အဲရစ်ကို မြန်မာသံရုံးက ပြည်ဝင် ခွင့်ဗီဇာ ပေးလိုက်တယ်လို့ သတင်း ရရှိပါတယ်။ ကိုထိန်လင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ၃ရက်နေ့က ဗီဇာ လျောက်ထားခဲ့တာ ဖြစ်ပြီး ဒီကနေ့ မြန်မာ သံရုံးမှာ ဗီဇာ လာရောက် ထုတ်ယူရမှာဖြစ်ပါတယ်။

မနေ့က မြန်မာသံရုံးကို ကိုထိန်လင်းကို ဗီဇာပေးမပေးမေးမြန်းခဲ့ရာမှာ နေပြည်တော်က အကြောင်ြး ပန်ကြားချက် မရသေးဘူးလို့ သံရုံးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ကလာတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကိုထိန်လင်း ကို မြန်မာနိုင်ငံ ဗီဇာ ပေးလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကိုထိန်လင်းအနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဗီဇာလာ ရောက်ထုတ် ယူနိုင်ကြောင်း သတင်း ရရှိ ထားတာကြောင့် RFA အပါအ၀င် ထိုင်းနိုင်ငံမှာ ရှိတဲ့ သတင်းထောက်တွေ သံရုံးရှေ့ ဗီဇာဌာန အနီးမှာ တနေကုန် စောင့်နေပေမဲ့ ကိုထိန်လင်း လာရောက်တာ မတွေ့ရပါဘူး။

တချို့ကတော့ ကိုထိန်းလင်းအနေနဲ့ ဗီဇာကို ကိုယ်တိုင် လာရောက် ထုတ်ယူသွားတာ မဟုတ်ဘဲ သူ့ကိုယ်စားလှယ် တယောက်ယောက်က လာရောက် ထုတ်ယူသွားတာ ဖြစ်နိုင်တယ်လို့ ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ဒီကနေ့မှာ မြန်မာသံရုံးဆီက သီးခြားအတည်ပြုချက်တော့ မရသေး ပါဘူး။


Ref: RFA News

0 comments:

အပေါ်သို့