..............................

Thursday, October 8, 2009

တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်အစိုးရအပေါ် အယုံအကြည်မရှိ လှုပ်ရှား ပြင်ဆင်နေ

ဗုဒ္ဓဟူးနေ့၊ 07 အောက်တိုဘာလ 2009

ကိုးကန့်အရေးအခင်းနောက်ပိုင်း ဗမာ့တပ်မှူးများက တောင်ပိုင်း ၀ တပ်မှူးများအား သွားရောက် တွေ့ဆုံလေ့ ရှိပြီး စစ်အစိုးရ ဘက်မှ ၀ တပ်အား ထိုးစစ်ဆင် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ် ပြောကြားသော်လည်း ၀တပ်ဘက် က စစ်ရေး ပြင်ဆင်မှု လျှော့ချခြင်း မရှိဘဲ ဆက်လက်လှုပ်ရှား သတိထားလာကြောင်း နယ်စပ် သတင်း ရပ်ကွက်က ပြောပါသည်။

ယခုလဆန်းပိုင်း၌ မိုင်းတုံ - မိုင်းဆတ် - တာချီလိတ် ကားလမ်း တလျောက်ရှိ စစ်အစိုးရ ဂိတ်စခန်းများ စစ်ဆေးမှု တင်းကျပ် လာသကဲ့သို့ ၀ ဂိတ်များလည်း ထိုနည်းတူ တင်းကျပ် စစ်ဆေးလာသည့် အပြင် ညဘက်ပိုင်း၌ ၀ စစ်ယာဉ်တန်းများ ခရီးထွက် လှုပ်ရှားခြင်း၊ အခြားဒေသမှ မိုင်းယွမ်းဂွင် အတွင်း လာရောက်နေထိုင် လုပ်ကိုင် စားသောက်သော ဗမာနှင့် ကုလားများအား ထွက်ခွါ ခိုင်းခြင်း၊ ၀ ရွာများ၌လည်း သက်ကြီးများ နှင့် ကလေးများသာ အစောင့်ထားပြီး တိုက်ခိုက်ရေး အင်အားများ တောင်ပေါ်တက် အသင့်တပ်ချ နေရာယူခြင်းများ ပြုလုပ်လာသည် ဟု ဒေသခံ ကုန်သည် တဦးက ပြောပါသည်။

“ပြီးခဲ့တဲ့လ ၁၈-၁၉ ရက်နေ့တုန်းက ၀မ့်ဟုန့်ကနေ မိုင်းကျွတ်ဘက် ၀ စစ်ယာဉ်တန်းတွေ ညဘက် ခရီးထွက် သွားတော့ ၀မ့်ဟုန့်ကို ၀ ဘက်က လက်လွတ် တော့မှာလားပေါ့။ အခုဟာက အဲလို မဟုတ်ဘူး။ ၀ ကားတွေက ညဘက်ချည်းဘဲ ခရီး ထွက်တယ်။ တောင်ပေါ် တပ်စခန်းတွေမှာလဲ ၀ အင်အား ရာနဲ့ချီ ဖြန့်ကျက်ထားတယ်၊ ၀မ့်ဟုန် အနီးအနားက ဗမာတပ် ကတော့ ဘာလို့ မိုင်းဆတ်ဘက် တပ်ရုပ် ပြန်တာလဲတော့ မသိဘူး” - ဟု အဆိုပါ ကုန်သည်က ပြော၏။

အောက်တိုဘာ ၃ ရက်နေ့တွင် ၀ တပ် ဆယ်ဘီးကား ၄ စီး မိုင်းယွမ်းမှ ၀မ့်ဟုန့် ဘက် တက်သွားစဉ် လမ်းခွဲတ၀ိုက် တပ်ဖျောက် ထားကြောင်း၊ ထို့အတူ ၄ ရက်နေ့ကလည်း ဆယ်ဘီးကား ၄ စီး ထပ်တက်သွားပြီး နှစ်စီးသာ ၀မ့်ဟုန့် ရောက်ပြီး ကျန်နှစ်စီးမှာ လမ်းခုလတ်၌ တပ်ဖျောက်သွားကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

“တောင်ပိုင်း ၀ တပ်မဟာ ၅၁၈ ဌာနချုပ် မိုင်းယွန်းမှာ စီးပွားရေး၊ အလုပ်အမျိုးမျိုး လာလုပ်တဲ့ ဗမာတွေ ကုလားတွေ အကုန်ပြန်ဖို့ ညွှန်ကြားထားတယ်။ သျှမ်း နဲ့ တရုတ်ကိုတော့ ဘာမှ မပြောသေးဘူး” - ဟု ဒေသခံ အကြီးအကဲ တဦးက ပြောပါသည်။

အောက်တိုဘာ ၅ ရက်နေ့ ညက ပုံပါကျင် အခြေစိုက် မိုင်းတုံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဝင်းဦး နှင့် ၎င်း၏ လုံခြုံရေးတပ် ပါချီး လားဟူ ပြည်သူ့စစ် ရွာအတွက် မူလတန်းကျောင်းနှင့် ရေအား လျှပ်စစ်မီး လုပ်ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရ၏။ ဖှန်မြို့နယ် အနောက်ဖက် ထိုင်းနယ်စပ် နောလဲ နှင့်မျက်နှာချင်းဆိုင် တောင်ကျောသို့ သွားရောက် ညအိပ်ခဲ့ကြောင်း၊ စက်တင်ဘာ ၂၉ ရက် ကလည်း တောင်ပိုင်း ၀ တပ် ၇၇၂ တပ်မဟာမှူး တာ့ဇုန်းအား မိုင်းကျွတ်ကျေးရွာ တိုက်နယ် သူကြီးအိမ်၌ တွေ့ဆုံစဉ် ၀ တပ်အား ထိုးစစ်ဆင် တိုက်ခိုက်ရန် ရည်မှန်းချက် မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

ဗမာတပ်မှူးများ၏ပြောစကားသည် မုသား ပရိယာယ်သာ ဖြစ်နိုင်ကြောင်း၊ ယုံကြည် မိလျှင် တမျိုးသားလုံး ဒုက္ခ ရောက်နိုင်ကြောင်း - ၀ တပ်မှူးများက သုံးသပ် ပြောဆို နေကြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့