..............................

Friday, July 10, 2009

ကေပီအက်ဖ် ဒုဗိုလ်မှူးကြီးကို ကေအန်ယူ ဖမ်ဆီးလိုက်

Thu 09 Jul 2009, IMNA, HURFORM

ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) တပ်ရင်း (၃) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါးကို ကေအန်ယူ (KNU) ၏ KNLA က နေ့လယ် (၂) နာရီခန့်တွင် ကြာအင်းဆိပ်ကြီး မြို့နယ် ဇမိချောင်းတွင် ဖမ်ဆီး လိုက်သည့်ဟု ကေအန်ယူမှ လာသည့် သတင်းအရ သိရပါသည်။

ဒုဗိုလ်မှူးကြီး စောလေးဝါးနှင့်အဖွဲ့သည် နေပြည်တော်မှ မြန်မာ စစ်အစိုးရ အာဏာပိုင်နှင့် တွေ့ဆုံပြီးနောက် ဘုရားသုံးဆူမြို့ အပြန်လမ်းတွင် KNLA တပ်ရင်း (၁၆) လက်အောက်ခံ တပ်ခွဲ (၂) ဒုဗိုလ် စောချပ်သယ်ထူး အဖွဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

“ဗိုလ်စောလေးဝါးနဲ့ အဖွဲ့ကိုတော့ ကျွန်တော်တို့ ကေအန်ယူ တပ်ဖွဲ့က မနေ့ ညနေက ဖမ်းဆီး လိုက်တယ်။ အခု လောလောဆယ် မှာတော့ သူ့ကို ကေအန်ယူ တပ်မဟာ (၆) နေရာ တစ်နေရာ မဖ်းချုပ် ထားတယ်” ဟု ကေအန် ယူအရာရှိ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ၄င်း KNLA တပ်ရင်း (၁၆) သည် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင်ရှိသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်အရ ဒုဗိုလ်မှူးကြီး စောလေးဝါး ဇူလိုင်လ တစ်ရက်နေ့တွင် နေပြည်တော်သို့ အရောက် သွားရမည်ဟု ညွန်းကြားခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်တွင် ဒုဗိုလ် မှူးကြီး စောလေးဝါးသည် နေပြည်တော်သို့ ဆင်းသွားသည်။

ဒုဗိုလ် စောချပ်သယ်ထူးတို့အဖွဲ့သည် ကေပီအက်ဖ်မှ ဒုဗိုလ်မှူးကြီး စောလေးဝါးကို ဖမ်းဆီး ပြီးသည့်နောက် မနေ့ညနေ မဲကသာဒေသရှိ ကေပီအက်ဖ် စက်ကယ်တပ်ကို ထပ်မံ သိမ်းဆီးလိုက်သည်။

“မနေ့ည ၈ နာရီလောက်က ဒုဗိုလ် စောချပ်သယ်ထူးတို့ အဖွဲ့က ကေပီအက်ဖ် တပ်ကို ဝင်ရောက် သိမ်းလိုက်တယ်။ ကေပီအက်ဖ် တပ်သား ၅ ဦးနဲ့ လက်နက် အချို့ကိုလည်း ဖမ်းဆီးလိုက်တယ်” ဟု ကေအန်ယူ သတင်းအ သိုင်းဝိုင်းမှ သိရသည်။

အဖမ်းခံရသည့် ကေပီအက်ဖ် တပ်ဖွဲ့တွေက မန်းရွှေ၊ လင်းအေးမောင်၊ ဟိန်းတိုး၊ ငါးပွေး နှင့် ကြားဖီ တို့ဖြစ်ကြသည်။ သိမ်းဆီးရမီသည့် လက်နက်တွေ မှာ ခါပိုင် (၂) ၊ M ( 16)၊ AK , ဒင်ရှည် (၁)၊ ဒင်ခေါက် (၁)၊ ပစ္စတို (၂) လက်နှင့် RPG (၁) လက်တို့ဖြစ်သည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

0 comments:

အပေါ်သို့