..............................

Tuesday, May 26, 2009

သျှမ်းပြည်တပ်မတော်ရဲ့ ခြုံခိုတိုက်ခိုက်မှု အစိုးရတပ်သား ၁၀ ယောက် ကျော်သေဆုံး

တနင်္လာနေ့၊ 25 မေလ 2009

ယမန်နေ့ (၂၄/၀၅/၂၀၀၉ ) ၂၂း၀၀ နာရီက သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့ တဖွဲ့က နအဖစစ် ယာဉ်တန်း အား ခြုံခို တိုက်ခိုက်ရာ ယာဉ်ပေါ် လိုက်ပါသည့် လူသူ လက်နက်များ အားလုံး ဆုံးရှုံးကြောင်း SSA ၏ တိုင်းဖှရီးဒမ်း ၀က်ဒ်ဆိုက်ဒ်က ဆိုပါသည်။

အလောင်း ၁၅ လောင်းထဲတွင် အစိုးရ စစ်ထောက်လှမ်းရေး ၂ ယောက်နှင့် အတူ သျှမ်းပြည် တပ်မတော် (တောင်ပိုင်း) ခွဲထွက် လက်နက်ချအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး မိုင်းဇင့်လည်း ပါဝင်ကြောင်း၊ ယာဉ်တန်းမှ လိုက်ပါသည့် စစ်အစိုးရ စစ်သားများနှင့် လက်နက်ချအဖွဲ့များ အားလုံး သေဆုံးဖွယ် ရှိကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက်မှ တစုံတရာ ဆုံးရှုံးမှု မရှိကြောင်း ဆိုပါသည်။

မေ ၂၁ ရက် ၂၀၀၉ သျှမ်းပြည်အမျိုးသားများ တော်လှန်ရေးနေ့ ၅၁ နှစ်ပြည့်သည့် နေ့တွင်လည်း စစ်အစိုးရ တပ်စခန်းတခု (မိုင်တိုင် အမှတ် ၂၁ လဲချား - ပင်လုံကြား) အား သျှမ်းပြည် တပ်မတော်မှ စီးနင်း တိုက်ခိုက်ရာ လူသေလောင်း ၆ လောင်း၊ အရှင်တယောက်၊ လက်နက်နှင့် စစ်ပစ္စည်း အများအပြား သိမ်းဆည်း ရရှိခဲ့ပါသည်။

ဗိုလ်မှူးကြီးမိုင်းဇင့်သည် ၂၀၀၇ နှစ်လည်ပိုင်းတွင် သျှမ်းပြည် တပ်မတော်မှ ခွဲထွက်ပြီး လူအင်အား ရာကျော် နှင့် နအဖ စစ်အစိုးရထံ လက်နက်ချသွားသည့် အဖွဲ့ ခေါင်းဆောင်ဖြစ်သည်။ လက်ချပြီး နောက်ပိုင်း စစ်အစိုးရ က ဗိုလ်မှူးကြီး မိုင်းဇင့် အဖွဲ့အား ပြည့်သူ့စစ် သဏ္ဍာန်ဖြင့် ထားရှိ၍ လက်နက် ပြန်ကိုင်ခွင့် ပေးပြီး လိုသလို အသုံးချနေသည့် အဖွဲ့ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့