..............................

Tuesday, January 22, 2013

ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ဗကသ မှ အလှူခံထွက်

January 21, 2013

တနှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက ပြည်တွင်းစစ်ဒဏ်ကြောင့် တိမ်းရှောင် ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသား/သူတွေက ရန်ကုန်မြို့ရှိ မြို့နယ် တချို့တွင် အလှူငွေ လိုက်လံကောက်ခံ ခဲ့ကြပါတယ်။

၁၇.၁.၂၀၁၃ ကြာသပတေးနေ့တွင် အလှူငွေကောက်ခံတာကို စတင်ခဲ့ပြီး၊ လှည်းတန်း လမ်းဆုံနှင့် ကမာရွတ် မြို့နယ်တွင် စတဲ့နေရာတွေမှာ အလှူခံ ခဲ့ကြရာ အ၀တ်အစားများ၊ အသုံးအဆောင် ပစ္စည်းများ အထုပ် (၂၀) ရရှိပြီး ငွေသား အလှူငွေ (၃၁၁၈၀၀) သုံးသိန်း တသောင်း တထောင့်ရှစ်ရာ ကျပ် ရရှိခဲ့ပြီး။ ၁၈.၁.၂၀၁၃ သောကြာနေ့တွင် ဒုတိယနေ့အဖြစ် စမ်းချောင်းမြို့နယ်အတွင်း လိုက်လံ အလှူခံခဲ့ရာ အ၀တ်အစား၊ စောင်နှင့် အသုံးအစောင် ပစ္စည်းများ အထုပ်ပေါင်း (၂၅) ထုပ်၊ ငွေသား သီးသန့်အလှူငွေ အဖြစ် (၄၅၂၀၀၀) လေးသိန်း ငါးသောင်းနှစ်ထောင် ကျပ် ကောက်ခံ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် ကချင်စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေဆယ်သိန်းရရှိသည်အထိ ဆက်လက် အလှူခံ သွားမည်ဖြစ်ပြီး လာမည့် လကုန်ပိုင်းတွင် ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းတွေမှာ ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသား ကိုယ်စားလှယ် ငါးဦးက မိမိတို့ စားစရိတ်နှင့် မိမိတို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့