..............................

Thursday, January 24, 2013

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ရခိုင်ပြည်နယ်မှာ လူဦးရေ စာရင်းကောက်ခံ

2013-01-23

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့အတွက် လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံ မြို့နယ် ပြီးစီး သွားပြီဖြစ်ပြီး ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဆက်လက်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လဝကမှူး ဦးကျော်ရင်ဦးက RFA ကို မနေ့က ပြောပါတယ်။

“ပေါက်တောမှာက တချို့နေရာလေးတွေ နည်းနည်း ကျန်တာလေးတွေ ရှိတယ်၊ အထူးသဖြင့် ငှက်ချောင်းနဲ့ ကြိမ်နီပြင် တို့မှာ နည်းနည်း ကျန်နေတာတွေ ရှိသေးတယ်၊ အရင်တုန်းက မြေပုံမှာကောက်လို့ ပြီးသွားပြီ၊ ကျနော်တို့ အခု ဆက်ကောက်နေတာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အဲဒီ ၃ခုပေါ့၊ လက်ရှိ အနေအထားကတော့ သူတို့က ရိုဟင်ဂျာ ဆိုတာကို စပြီး သုံးစွဲလာတာပေါ့နော်၊ ဒုတိယ အကြိမ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ၊ အဲဒီမှာ ရိုဟင်ဂျာလို့ ပြောတဲ့ အခါကျတော့ စာရင်းကောက်တဲ့ အခါ အခက်အခဲတော့ တွေ့ရတာပေါ့၊ ဒီကိစ္စကလည်း ရိုဟင်ဂျာ၊ ဘင်္ဂါလီဆိုတာ နိုင်ငံတော်အဆင့် လုပ်ရမဲ့ ကိစ္စ္စ္စသာဖြစ်ပါတယ်”

အခုဆောင်ရွက်နေတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေ ပြီးရင် စစ်တွေ မြို့နယ်မှာ ဆက်လက်ကောက်ခံ မယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေ သိရှိနိုင်ဖို့ နယ်စပ်ဒေသ လူဝင်မူစစ်ဆေးကွပ်ကဲရေးဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့