..............................

Tuesday, January 22, 2013

ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်း စုကြည် ပြောကြား

2013-01-21

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အ မျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံ ခဲ့ရာမှာ ဒေသအတွင်း မှာ ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ရှာဖွေ ရှင်းလင်းပေးဖို့ကို အဓိကထား တိုက်တွန်းဆွေးနွေး ခဲ့တယ်လို့ ဇန်န၀ါရီလ ၂၁ရက်နေ့ ဒီကနေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားနေစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှု ကို ဖြေကြားခဲ့ပါတယ်။

မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းတွေမှာ အစိုးရက ပါဝင်စေချင်တယ် ဆိုရင် မိမိ အနေနဲ့ ပါဝင်ဆောင်ရွက်ပေးဖို့လည်း အဆင်သင့် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့