..............................

Tuesday, January 22, 2013

မတရားထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ကန့်ကွက်ဆန္ဒပြ

January 20, 2013

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် အတွင်း ကုမ္ပဏီ ဘက်မှ စီမံကိန်း အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို ဒေသခံတောင်သူများ၏ ယာမြေများပေါ်တွင် လုပ်မြဲပြုလုပ်နေပြီး ဒေသခံတောင်သူများ နေထိုင်သော ကျေးရွာများနှင့် ပိုင်ဆိုင် ထားသော ယာမြေများပေါ်တွင် (၂၄) နာရီ ဖြတ်သန်း သွားလာခြင်း မပြုရ၊ ၀င်ရောက်နေထိုင်ခြင်း မပြုရ ပုဒ်မ-၁၄၄ ကို ထုတ်ပြန် ထားသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းသည် ကုမ္ပဏီနှစ်ခု (မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် မြန်မာ ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ လုပ်ဆောင်နေသော ကြေးနီ တူးဖော်နေသော စီမံကိန်း ဖြစ်သည်။ လက်ပန်တောင်းတောင် ဒေသပြည်သူများက ကြေးနီ စီမံကိန်းသည် မိမိတို့အတွက် ရည်ရှည်တွင် ဆိုးကျိုးများသာဖြစ်လာမည်ကို မလိုလားသောကြောင့် ၎င်းစီမံကိန်းကို အပြင်းအထန် ကန့်ကွက်နေခြင်း ဖြစ်သည်။

ဒေသခံပြည်သူများနှင့် ကုမ္ပဏီတို့ ဖြစ်ပျက်နေသော ပြဿနာကို အစိုးရ အာဏာပိုင် များက ကြားဝင်ဖြေရှင်းပေးမှု မရှိခဲ့သလို ဒေသခံတောင်သူ များကို အမိန့်အာဏာ အမျိုးမျိုး ထုတ်၍ ဖိနှိပ်လျှက်ရှိသည်။ မတရားသော အမိန့်အာဏာကို လက်မခံသော လက်ပန်တောင်းတောင်ဒေသ ပြည်သူများသည် လက်ပန်တောင်းတောင်ဒေသတွင် ထုတ်ပြန်ထားသော ပုဒ်မ-၁၄၄ ကို အပြင်းအထန် ကန့်ကွက်ကြောင်းကို (၁၉.၁.၂၀၁၃) နေ့ (၁၄း၀၀) နာရီတွင် တုံရွာထိပ် သပိတ်စခန်းမှ ညောင်ပင်ကြီး သင်္ဘောဆိပ်သို့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျောက် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။ လက်ပန်တောင်းတောင်ဒေသ ပြည်သူများသည် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသူ မြို့နယ် အုပ်ချုပ်ရေးမှူး ဇော်မိုးအောင် ကို စစ်ကိုင်းတိုင်းဒေသကြီး အဆင့်တွင် (၂၀.၁.၂၀၁၃) ရက်နေ့ နောက်ပိုင်းတွင် အမှုဖွင့် တိုင်ကြား သွားမည် ဖြစ်သည်။

Ref: နေ့သစ်

0 comments:

အပေါ်သို့