..............................

Monday, January 21, 2013

ကာမိုင်းရဲစခန်းကို ကေအိုင်အေတပ်ရင်း ၆ က ၀င်ရောက်စီးနင်း

2013-01-19

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ဇန်န၀ါရီလ ၁၉ရက် ဒီကနေ့ မနက်ပိုင်းက ၀င်ရောက် တိုက်ခိုက်ပြီး မီးရှို့ ဖျက်ဆီး လိုက်တာဟာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ ကေအိုင်အေ တပ်ရင်း ၆ က ဖြစ်တယ်လို့ အဲဒီ တပ်ရင်း ၆ ရဲ့တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA ကို အတည်ပြုပြောပါတယ်။

ဒီအဖြစ်အပျက်မှာ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းတစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရဲဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးက အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာမိုင်း ရဲစခန်းက ရဲဝန်ထမ်း တစ်ဦး က RFA ကို ပြောပါတယ်။

ကေအိုင်အေ တပ်အင်အား ၉၀လောက်ပါတဲ့အဖွဲ့ဟာ ဒီကနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကာမိုင်းမြို့နယ် လျှပ်စစ် ဝန်ထမ်းနှစ်ဦးကိုလည်း ခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီ ၀န်ထမ်းနှစ်ဦးနဲ့ ပတ်သက်ပြီး RFA ကအခုထိအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ တုန်းကလည်း ကေအိုင်အေ က ကာမိုင်းရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲဝန်ထမ်းနဲ့ မိသားစုတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့