..............................

Wednesday, February 2, 2011

လူသန်းချီ ချီတက်ပွဲအတွက် အီဂျစ် ဆန္ဒပြသူတွေ စတင်စုဝေး

အင်္ဂါ, 01 ဖေဖော်ဝါရီ 2011


ဒီနေ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရဲ့ တဟီရီရင်ပြင်မှာ လူတွေ ထောင်သောင်းချီ ရောက်ရှိနေပြီး နောက်ထပ်လည်း သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) နှုတ်ထွက် ပေးရေး ဆန္ဒပြသူတွေ တဖွဲဖွဲ ရောက်လာမစဲ ရှိနေပါတယ်။

အသစ်ခန့်အပ်ခံရတဲ့ ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) က နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ အခြေခံ ဥပဒေရေးရာ ဥပဒေပြုမှု ဆိုင်ရာတွေ တွေ့ဆုံ ဆွေးနွေးဖို့ ပြောဆို လိုက်ပါတယ်။

အီဂျစ် တပ်မတော်ကလည်း ပြည်သူတွေရဲ့ တရားဥပဒေနဲ့ ညီညွတ်သော တောင်းဆို ချက်တွေကို အသိအမှတ် ပြုမှာဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် နှိမ်နင်းမှာ မဟုတ်ဘူးလို့ ဒီနေ့ ကြေညာ ထားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့