..............................

Friday, November 5, 2010

SSA-S နှင့် တိုက်ပွဲတွင် နအဖဘက်မှ အကျအဆုံးများ

စိုင်းဇွမ်ဆိုင်း
Thursday, 04 November 2010

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် နအဖ စစ်အစိုးရတပ်များ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း ဒေသတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။

SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်း က “ပထမနေ့က ဖြစ်တဲ့ တိုက်ပွဲမှာ နအဖဘက်က ၇ ယောက် ကျတယ်၊ ၈ ယောက် ဒဏ်ရာရတယ်၊ နောက်တရက်မှာ ၁ ယောက် ဒဏ်ရာ ရတယ်။ သူတို့ ကိုင်တဲ့ MA-4 အမျိုးအစား သေနတ်တလက်နဲ့ ကျည်တော်တော်များများ ရလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့အခြေစိုက် ခလရ ၅၁၀ မှ စစ်သားများသည် ဒေသခံလူထုအား အနိုင်ကျင့်ကြောင်း SSA- S သို့ တိုင်ကြားခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။

SSA-S တပ်ဖွဲ့ဝင်များသည် ခမရ ၂၉၂ တပ်ဖွဲ့ဝင်များကိုလည်း ချုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။

SSA-S သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့