..............................

Thursday, November 4, 2010

လမ်းပြရွာသားအား နအဖစစ်သား ပစ်သတ်မီးရှို့

Wednesday, 03 November 2010

သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ မှ စစ်ကြောင်းတခု မြောက်ပိုင်း သျှမ်းပြည် တပ်မတော်မှ တပ်သား တဦးအား ပစ်သတ်ပြီးနောက်ပိုင်း လမ်းပြရွာသားအား ပစ်သတ် လိုက်ကြောင်းစုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ အောက်တိုဘာလ ၃၁ ရက်က မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ ဒုဗိုလ်မှူးကြီး မျိုးထွန်း ဦးဆောင် သည့် အင်အား ၆၀ ခန့်ပါ နအဖ တပ်ဖွဲ့တဖွဲ့ မိုင်းနန်း အရှေ့မြောက်ဘက် ၀မ့်မလန်းရွာမှ ၀မ့်ဇတ်အုပ်စု ၀မ့်ခုန့်လုံ အသွား လမ်း၌ ၀မ့်ဇတ်တိုက်နယ် ၀မ့်ကုန်းရွာသား စိုင်းထွန်းတို့ ဇနီမောင်နှံနှင့် တွေ့ဆုံရာ လမ်းပြအဖြစ် ပေါ်တာ ဆွဲသွားသည်ဟု မိုင်းနန်း ဒေသခံတဦးက ပြောပြ၏။

“စိုင်းထွန်းရဲ့ ရင်ဝကို သေနတ်တေ့ပြီး ၀မ့်ကုန်းဖက် ပြန်သွားဖို့ လမ်းပြခိုင်းတာ။ ၀မ့်ကုန်းရွာ အ၀င် SSA မြောက်ပိုင်း စစ်ဒေသ ၇၂ လက်အောက်ခံ တပ်ရင်းမှူး ဗိုလ်ကြီးထိုးမိန်း ဦးဆောင်တဲ့ တပ်ရင်း ၁ ထဲက ( ရွာကနေ တပ်စခန်းအပြန်) တပ်သား တယောက်နဲ့ တွေ့တော့ ပစ်သတ်လိုက်တယ်။ M 22 တလက်ရှုံး တယ်။ စိုင်းထွန်း (အသက် ၄၀ နှစ်) ကိုလဲ ဗမာစစ်သားတွေ အဲဒီမှာတင် ပစ်သတ် လိုက်တယ်။ သူ့မိန်းမတော့ ထွက်ပြေး လွတ်မြောက် သွားတယ်” ဟု ၄င်းက ပြောပြ၏။ စိုင်းထွန်းအား ပစ်သတ်ပြီးနောက် နအဖတပ်က ၄င်းတို့ တပ်စခန်းရှိရာ မိုင်းနောင်မြို့ နမ့်မောန်းရွာသို့ ပြန်ဆုတ် သွားကြသည်ဟု ဆို၏။

ဒုဗိုလ်မှူးကြီး မျိုးထွန်းဦးဆောင်သည့် အင်အား ၆၀ ခန့်ပါ နအဖ တပ်စုမှာ ထိုဒေသတ၀ိုက် ရွာများမှ ဒေသခံများ၏ လယ်ယာ ထွက် သီးနှံများနှင့် အိမ်မွေး တိရ စ္ဆာန်များကို ခိုးယူ ဖမ်းဆီးစားသောက်လေ့ ရှိသည် ဟုလည်း ကြားသိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့