..............................

Tuesday, November 2, 2010

မူစယ်တွင် အမျိုးသမီးတစ်ဦးအား ပစ်မှတ်ထား တိုက်ခိုက်၊ သေနတ် ၇ ချက် ထိမှန်သေဆုံး

Sunday, 31 October 2010

မူစယ်မြို့ ဈေးရပ်ကွက် အိမ်အမှတ် ၃၀၆ ၌ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးအား သေနတ်သမား ၂ ဦး က ပစ်မှတ်ထား တိုက်ခိုက်သည့် အမှု အောက်တိုဘာ ၃၀ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်။

သေနတ်သမားများက ခင်ပွန်းသည်၊ သားသမီးများ ရှေ့မှောက်တွင် သူမအား ရွေးချယ် ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ ၇ ချက် ထိမှန် သေဆုံးသွားပြီး ၄င်းသေနတ်သမားများ ထွက်ပြေး လွတ်မြောက်သွားကြောင်း မူစယ် လုံခြုံရေး သတင်း ရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဈေးရပ်ကွက် အိမ်အမှတ် ၃၀၆ က အမျိုးသမီးတစ်ဦး အပစ်ခံရတာ အိမ်ထဲဝင်ပြီး သူ့ယောက်ကျားရော ကလေးတွေ ရှေ့မှာ သူ့ကို ပစ်သွားတာ ကျန်တဲ့သူတွေကိုတော့ ဘာမှ မလုပ်သွားဘူး မဖမ်းမိဘူး ထွက်ပြေးသွားတယ်” ဟု နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

သူမ၏ အမည်မှာ နန်းလှတင်ဖြစ်ပြီး ယခုပစ်ခတ်မှုသည် ငွေရေးကြေးရေး ပြဿနာကြောင့် ဖြစ်ဖွယ် ရှိကြောင်း ဒေသခံ များက ယူဆနေကြောင်း သိရသည် ။

လုံခြုံရေး သတင်းရပ်ကွက်အဆိုအရ သူမသည် အိမ်ထောင်ဆက်များသည့် အမျိုးသမီး ဖြစ်ကြောင်း သိရသည်။ ယခုလ ၂၆ ရက် နေ့ကလည်း မူစယ်မြို့နယ် နောင်ရှန်ကျေးရွာ ဥက္ကဋ္ဌအိမ်အား လက်ပစ်ဗုံး ပစ်သွင်းခဲ့ရာ လူ ရ ဦးခန့် ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည် ။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့