..............................

Thursday, June 28, 2012

ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသော ဒေါ်အောင်ဆန်းစု ကြည်၏ ဥရောပ ခရီး

အေးမြကျော်
Wednesday, June 27, 2012

ဗြိတိန်နိုင်ငံအပါအ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပ ခရီးသည် သူမအား ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ် မှတ်ကျောက်တင် အသိ အမှတ် ပြုခြင်း ခံရသည့် ခရီးစဉ် တစ်ခုဖြစ်ခဲ့သည်။

ကိန်းကြီး ခမ်းကြီးနိုင်သည့် ဗြိတိန်နိုင်ငံက သူမကို ဗြိတိန်ပါလီ မန်တွင် ဘုရင်မကြီး အဲလိဇဘက် ပြီးလျှင် သမိုင်းဝင် ၀က်မင်စတာ ခန်းမတွင် မိန့်ခွန်းပြောကြားခွင့် ရခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီး အဖြစ် မိန့်ခွန်းပြောခွင့်ပြုခဲ့သည်။ ထိုခန်းမ ထိုနေရာတွင် တောင်အာဖရိက သမ္မတ ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် နယ်လ်ဆင် မင်ဒဲလား၊ ပုပ်ရ ဟန်းမင်းကြီး ဗင်နီဒစ်၊ အမေရိ ကန်သမ္မတ ဘားရက် အိုဘားမားတို့ မိန့်ခွန်းပြောကြား ခဲ့ဖူးပြီး ၆၇ နှစ်ရှိ မြန်မာ့ ဒီမိုကရေစီခေါင်း ဆောင်သည် ထိုနေရာတွင် မိန့်ခွန်း ပြောခွင့်ရခဲ့သော အာရှတိုက်မှ ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ၁၇ ရက်တာ ကာလအတွင်း သမိုင်းဝင် မိန့်ခွန်းနှစ်ရပ် အဖြစ် ဗြိတိန် ပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းနှင့် ငြိမ်းချမ်း ရေးနိုဘယ်လ်ဆု ပြန်လည် လက်ခံ ရယူသည့် အခမ်းအနား တို့တွင်ပြောကြား ခဲ့ပြီး ယင်းတို့ကို ကမ္ဘာ့ သတင်း ဌာနများက ထိုမိန့်ခွန်း နှစ်ခုကို တိုက်ရိုက် ထုတ်လွှင့်ခဲ့သ ဖြင့် ကမ္ဘာ့နေရာ တော်တော်များများတွင် ကြည့်ရှုခွင့် ရခဲ့ကြသည်။

ထိုမိန့်ခွန်းနှစ်ရပ်ပြောကြားပြီးချိန်တွင် လန်ဒန်အခြေစိုက် သသတင်း ဌာနများနှင့် ကမ္ဘာ့မီဒီယာ များက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင် တစ်ဦး၊ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းဖော်ပြ ခဲ့ကြသည်။ အခြေကြီးသော ဗြိတိန်နိုင်ငံကပင် သူမကို ကော်ဇောနီခင်း ကြိုကာ နိုင်ငံ့ခေါင်း ဆောင်များကိုသာ မိန့်ခွန်းပြောခွင့်ပေးသော ၀က်မင်စတာ ခန်းမကြီးတွင် ဗြိတိန် အထက်၊ အောက်လွှတ်တော်နှစ်ရပ် လုံးသို့ မိန့်ခွန်းပြောခွင့်ပေးခဲ့သည်ဟု ဗြိတိန် သတင်းဌာနမေးလ်အွန်လိုင်းက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်သော ဗြိတိန်ဝန်ကြီးချုပ် ဒေး ဗစ်ကင်မရွန်း အပါအ၀င် နော်ဝေ ဘုရင်မင်းမြတ်၊ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်၊ နော်ေ၀၀န်ကြီး ချုပ် စသူတို့ အပြင် ရောက်ရာနေ ရာမှ ဥရောပသားများက လေး စားချစ်ခင်စွာ ကြိုဆိုခဲ့ကြသည်။ သူမ ပညာသင်ကြားခဲ့သော အောက် စဖို့ဒ်တက္ကသိုလ် ကလည်း ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပြီး အိုင်ယာလန် နာမည်ကျော် ရော့ခ် အဆိုတော် ဘိုနိုပါဝင်သည့် နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ချီးမြှင့်သော လွတ်ငြိမ်းချမ်း သာခွင့် သံတမန်ဆု အပါအ၀င် ဆယ်နှင့်ချီသော ဆုတံဆိပ်များ စွာကို ခရီးစဉ်အတွင်း လက်ခံ ရရှိခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ဦး တွေ့ဆုံမှု အဖြစ် တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း မိနစ် ၃၀ ကြာ သီးသန့်တွေ့ဆုံ ခဲ့သည်ဟု လန်ဒန် သတင်းဌာနများက ဖော်ပြသည်။

သူမ၏သမိုင်းဝင်မိန့်ခွန်း အဖြစ် ဇွန်လ ၂၁ ရက်တွင် တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာ့ ကိန်းကြီး ခမ်းကြီး နိုင်သော ပရိသတ်ဟု တင်စားရေး သားသော ပရိသတ် ၁၄၀၀ ရှေ့တွင် ပြောကြားခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်၏ မိန့်ခွန်းတွင် မြန်မာနိုင် ငံ၏ ပါလီမန်ဒီမိုကရေစီ ကူး ပြောင်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ ၀ါအရင့်ဆုံး ပါလီမန်ဒီမိုက ရေစီနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ အနေနှင့် ကူညီပေးရန် တိုက်တွန်း ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ကြို ဆိုရန်လည်း သူမ၏ မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။

''အခွင့်အရေးတွေ နှစ်ပေါင်း များစွာ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်း တွေအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ကျွန်မပြောလိုပါတယ်။ ကောင်း မွန်ပြည့်စုံတဲ့ အနာဂတ်ကို ရောက် နိုင်ဖို့ အခုမှ ကျွန်မတို့နိုင်ငံက အစပျိုးနေဆဲပဲ ရှိပါသေးတယ်။ တောင်ကုန်းတွေ ချောက်ကမ်းပါးတွေလို အခက်အခဲတွေကို အများကြီး ကျော်ဖြတ်ဖို့ လိုပါသေးတယ်။ အားလုံးကြိုးစားလို့ ဒီလိုအခြေ အနေအထိ ရောက်လာတာပါ။ ဗြိ တိန်နဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက် ပိုခရီးတွင် ပါလိမ့်မယ်''ဟု သူမ၏ ဗြိတိန်ပါ လီမန် မိန့်ခွန်း အစပိုင်းတွင် ပြော ကြားခဲ့သည်။

နောက်လတွင် ဗြိတိန်သို့ အ လည်အပတ် သွားရောက်မည်ဟု ပြောကြား ထားသော သမ္မတဦးသိန်း စိန်၏ ခရီးစဉ်နှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ်နှင့် ပူးတွဲပြုလုပ် သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုခရီးစဉ်ကို ထောက်ခံပြောကြား ခဲ့သည်။ ယခု အချိန်သည် သမ္မတကို ဖိတ်ကြားခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး သူမ၏ ပါလီမန် မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ် ပြု လိုပါတယ် အရင်က ပြောခဲ့သ လို နိုင်ငံရေး ကွဲပြားခြားနားမှုတွေ ကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင် ဖြေရှင်းနိုင်မှာပါ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကြိုဆိုဖို့ တိုက်တွန်း လိုပါတယ်''ဟုလည်း မှတ်ချက်ပြုပြောကြား ခဲ့သည်။

ထို့ပြင် ''စစ်မှန်တဲ့ ဒီမိုကရေစီကို မြန်မာနိုင်ငံမှာ ပြန်လည် တည်ထောင်နိုင်မယ့် အခွင့်အရေး ရှိလာပါပြီ။ ဒီအခွင့် အလမ်းကို အသုံးမချနိုင်ရင် ဒီလို အခွင့်အရေးမျိုးပေါ်လာအောင် ဆယ်စုနှစ်နဲ့ ချီပြီး စောင့်ရနိုင်ပါတယ်''ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး စကားပြောကြားခဲ့သည်။

ဆယ်စုနှစ်အတော်ကြာပျောက်ဆုံးနေခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်ရောင် ဂုဏ်ဝါကို ပြန်လည် အရောင် တင်ပေးခဲ့ပြီး၊ အခါလည်သား သာ ရှိသေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးများကို ရှေ့ဆက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်က တွန်းအား တစ်ခုဖြစ်စေ ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိချိန်သည် သူမ၏ ၆၇ နှစ်ပြည့်သည့် မွေးနေ့ရက်နှင့် တိုက်ဆိုင်နေသည်။ နှစ်ပေါင်းများစွာ ခွဲခွာနေရသော သားကြီး၊ သားငယ် ကိုထိန်လင်း၊ သူမနှင့် တစ်ခါမှ မဆုံဖူးသော မြေးများနှင့် သီးသန့်မွေးနေ့ပွဲပြုလုပ် ခဲ့သည်ဟု စီအင်န်အင်န် လန်ဒန် သတင်းထောက် ဒန်ရေဗာက သတင်းပေးပို့ သွားသည်။ သို့သော် သူမ၏ မိသားစုနှင့် အထူးသဖြင့် အများ စိတ်ဝင်စားနေသော သားကြီးနှင့်တွေ့ဆုံဖြစ်၊ မဖြစ်ကိုမူ သတင်း ဌာနများတွင် ရေရာသော သတင်းဖော် ပြမှုများ မတွေ့ရပေ။

မည်သို့ပင်ဆိုစေ အတိတ်ကာလများက မြန်မာနိုင်ငံသို့ ပြန်လာ၍ မရမည် စိုးသဖြင့် သွားရောက်ခဲ့ခြင်း မရှိသော ဥရောပသို့နှစ်ပေါင်း ၂၄ နှစ်ကြာ အပြီး ပထမဆုံး သွားရောက်သော သူမ၏ ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်တစ်ခု အဖြစ် သမိုင်း တွင်သွားပြီဖြစ်သည်။

Ref: 7 day News Journal

0 comments:

အပေါ်သို့