..............................

Tuesday, October 11, 2011

မနက်ဖြန် အကျဉ်းသား (၆၃၅၉) ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည်

နိုင်ငံတော်အစိုးရသည် ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများ အားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောက်းမွန်သော အကျဉ်းသား (၆၃၅၉) ဦးအား ယင်းတို့၏ ကျန်ရှိသော ပြစ်ဒဏ်များ အပေါ် (သီတင်းကျွတ် လပြည့်နေ့) ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ MRTV-4 နေ့လည် ၁ နာရီသတင်းတွင် ထုတ်ပြန် ကြေညာကြောင်း သတင်း ရရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ပါမပါ အတိကျသတင်း မရရှိသေးပါ။

0 comments:

အပေါ်သို့