..............................

Wednesday, December 1, 2010

အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

2010-11-30

နိုင်ငံရေးအသွင် ကူးပြောင်းမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ပါဝင်ထိုက်သူုအားလုံး ပါဝင်နိုင်မှု အပေါ် အခြေခံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာ စစ်အစိုးရကို ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

ရွေးကောက်ပွဲ အပြီး နိုင်ငံရေးအခင်းအကျင်းမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေး အတွက် ဆောင်ရွက်ဖို့ စစ်အစိုးရကို မစ္စတာ နမ်ဘီယာက တိုက်တွန်း အားပေးခဲ့ပါတယ်။

ဘယ်လို နိုင်ငံရေး အသွင်ကူးပြောင်းမှုမျိုးမဆို အောင်မြင်ဖို့ဆိုရင် အားလုံး လူစုံတက်စုံပါဝင်မှု အပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့် အခြေခံမှ အောင်မြင်နိုင်မှာ ဖြစ်သလို၊ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သူတွေ၊ အနိုင်ရသူတွေသာမက၊ ရွေးကောက်ပွဲ မဝင်သူတွေ၊ မဝင်နိုင်သူ တွေလည်း ပါဝင်ရမှာ ဖြစ်တယ်လို့ မစ္စတာ နမ်ဘီယာက ပြောဆိုခဲ့ကြောင်း Farhan Haq က သတင်းထောက်တွေကို ပြောသွားပါတယ်။

အားလုံးပါဝင်နိုင်ဖို့ ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်း ရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ်က စစ်အစိုးရကို အလေးအနက် တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့