..............................

Friday, December 3, 2010

ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးကို စစ်အစိုးရတပ်ပြန်လွှတ်

2010-12-02

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ဖလူးလေးနားမှာ စစ်အစိုးရနဲ့ ကရင် ငြိမ်းချမ်းရေး အဖွဲ့ငယ်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်အစိုးရတပ်က ဖမ်းသွားတဲ့ ကရင်ငြိမ်းချမ်းရေး အဖွဲ့က ၆ ဦးကို ပြန်လွှတ် ပေးလိုက်ပြီလို့ သိရှိရပါတယ်။

အဲဒီတိုက်ပွဲမှာ ကရင်ငြိမ်းချမ်းရေးအဖွဲ့ဘက်က ၁ ဦးသေပြီး ၆ ဦး အဖမ်း ခံလိုက်ရတာပါ။

ဒါ့အပြင် စစ်အစိုးရတပ်တွေနဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင် ငြိမ်းချမ်းရေး တပ်တွေကြားမှာ တိုက်ပွဲ တွေ ဖြစ်နေပြီ ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ် နေပါတယ်။

၆ ဦး ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စ ဟုတ်မှန်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်တဲ့သတင်းတွေ မဟုတ်မှန်ကြောင်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်တဲ့ ထိုးကော်ကိုး ဒေသမှာ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း အဖွဲ့ရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ် ရင်နုက အခုလို ပြောပါတယ်။

လူမှားပြီး တိုက်ပွဲဖြစ်တယ်လို့ ပြောကြောင်း၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးလိုက်ပြီး သေဆုံးသူကို မြေမြှုပ် လိုက်ကြောင်း သူက ပြောပြပြီး တိုက်ပွဲမဖြစ်ပဲ အားလုံး အေးအေးဆေးဆေး ရှိတယ်လို့ ပြောပြပါတယ်။

သတင်းတွေအရ စစ်အစိုးရတပ် တပ်ရင်း ၂၃၀ က ကရင်ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဝင်တိုက် ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်အစိုးရ တပ်ဖက်ကလည်း ဒဏ်ရာ ရကြတယ်လို့ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို လက်မခံ ငြင်းဆန် ထားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။


Ref: RFA News

0 comments:

အပေါ်သို့