..............................

Monday, June 22, 2009

.js files Hosting

6/22/09

ဘလော့ဂါတိုင်း အနည်းဆုံး .js file တစ်ခုတော့ ရှိကြတယ်။ peek.js ပေါ့ ... စာ ခေါက်ဖို့အတွက် သုံးတဲ့ JavaScript တစ်ခု လောက်တော့ hosting တင်ထားရလိမ့်မယ်။ အချို့ဆို ၅ ဖိုင် ၆ ဖိုင် ရှိကြပါတယ်။ အရင်က Google ရဲ့googlepage နဲ့ Yahoo ရဲ့ geocities တွေမှာတင်ပြီး အဆင်ပြေ နေကြတာပါ။ အခု အဲဒီနှစ်ခုလုံး ပိတ်တော့မယ်။ googlepage ဆိုရင် new user တွေ ၀င်လို့မရတာ တစ်နှစ်နီးပါး ရှိပါပြီ။ ဒီလကုန်ပိုင်းမှာ (June 2009) ပိတ်မယ်လို့ အရင်က ပြောခဲ့ပေမယ့် အခုထိတော့ ရက်အတိအကျ မသိရသေးပါဘူး။ သေချာတာကတော့ ဖြတ်မယ် ဆိုတာပါပဲ။ အဲဒါဆို ကျနော်တို့ .js ဖိုင်တွေ ဘယ်မှာတင်မလဲ ။ နေရာ တော်တော်များများက Direct link မပေးဘူး။ ပေးတဲ့ ဆိုဒ်တွေကလည်း .js ဆို ခွင့်မပြုဘူး။ google က အခုထပ်ပေးတဲ့ googlesite ရော၊ fileden လို ဆိုဒ်တွေကရော direct link ပေးပေမယ့် .js ဆို ခွင့်မပြုတဲ့ အတွက် သူတို့အတွက် နေရာ အတော်ရှားပါတယ်။ ကျနော် အဆင်ပြေဆုံးနဲ့ အလွယ်ဆုံး နေရာတွေ ရှာထားတာရှိတယ်။ အောက်ကလင့်တွေ ကြည့်လိုက်ပါဦး ။

1)Sigmirror: သိမ်းထားပေးနိုင်တဲ့ Webspace 5Gb နဲ့ တစ်လအတွက် Bandwidth 7Gb

2)Hotlinkfiles:* Webspace 1Gb နဲ့ တစ်လBandwidth 4Gb (အခြို့နိုင်ငံတွေကို ဘန်းထားတယ်)

3)Ripway: သိမ်းထားပေးနိုင်တဲ့ Webspace 30Mb နဲ့ တစ်နေ့အတွက် Bandwidth 150Mb (သို့)တစ်လအတွက် 4.5Gb

4)Boxstr:* သိမ်းထားပေးနိုင်တဲ့ Webspace 5Gb နဲ့ တစ်လအတွက် Bandwidth 1Gb(လောလောဆယ် sever down နေတယ်)

အဲဒီအထဲမှာ အဆင်ပြေဆုံးက Sigmirror ပဲဖြစ်လိမ့်မယ်။ .js .css .eot အားလုံး host တင်မှ 1Mb လောက်ပဲ ရှိမယ်။ တစ်လ Bandwidth 7Gb ဆိုတော့ Visitors တွေ ဘယ်လောက် လာလာ ထပ်ပြောင်းနေစရာ မလိုလောက်ပါဘူး။ space ရော Bandwidth ရော အားလုံးထက်များတယ်။ register လုပ်ရ၊ အသုံးပြုရ တာလည်း လွယ်တယ်။

Hotlinkfiles က အခြို့နိုင်ငံတွေကို ဘန်းထားတဲ့အတွက် အသုံးပြုလို့ အဆင် မပြေ နိုင်ပါဘူး။ မိမိ ဆိုဒ်ကို ဖွင့်တဲ့ နိုင်ငံက အဘန်းခံထားရတဲ့အထဲပါနေရင် ဆိုဒ် မပွင့်လာပဲ ဟန်းနေပါလိမ့်မယ်။

Boxstr က တော့ လောလောဆယ် sever ကျနေတယ်ဗျ။ မကြာခင် ပြန်လည် အသုံးပြုနိုင်ပါ့မယ်တဲ့။

အားလုံးကတော့ free ပဲ အဆင်ပြေကြမယ်လို့လဲ ထင်ပါတယ်။ ဘလော့ဂါတွေအတွက် အသုံးဝင်မှာပါ ...

Bandwidth ကို ဘယ်လိုတွက်လဲဆိုတာမသိရင် Bandwidth Calculator မှာ လေ့လာ၊ တွက်ကြည့်နိုင်ပါတယ်။

Ref: သံလုံငယ်

0 comments:

အပေါ်သို့