..............................

Friday, February 27, 2009

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်

27 February 2009

ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာဒီနေ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဖွင့်လှစ်တဲ့ အခါ စီးပွားရေးနဲ့ ငွေကြေးကိစ္စ ရပ်များကို ထိပ်ဆုံးထား ဆွေးနွေးကြမယ်လို့ ခန့်မှန်းနေကြပါတယ်။

အာဆီယံအသင်းဝင် ၁၀ နိုင်ငံကခေါင်းဆောင်များ စည်းဝေးပွဲ တက်ရောက်ကြဖို့ ကြာသပတေး နေ့ကတည်းက စတင် ရောက်ရှိနေကြပါပြီ။

ကမ္ဘာ့ခြိမ်းခြောက်မှုများကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့ ကိစ္စနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေသ ကုန်သွယ်ရေး အုပ်စု ထူထောင်ရေးကိုလည်း ဆွေးနွေးကြဖွယ် ရှိပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ထိုင်းနိုင်ငံကို စုဝေး ရောက်ရှိလာကြပြီး လူ့အခွင့်အရေး ကိစ္စရပ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက လှေစီး ထွက်ပြေးလာကြတဲ့ ဒေသတွင်း ဒုက္ခသည်စခန်းများမှာ၊ ပင်လယ်ထဲမှာ အတိဒုက္ခ ရောက်နေကြတဲ့ ရိုဟင်ဂျာများ ကိစ္စ အာရုံစိုက်ကြဖို့လည်း ဖိအားပေး တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရေး ဖိအားပေးကြဖို့ အရှေ့တောင် အာရှ နိုင်ငံများက ပါလီမန် အမတ်များ အဖွဲ့ကလည်း အာဆီယံ ခေါင်းဆောင်များကို တိုက်တွန်းနေကြပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေက အာဆီယံအသင်းရဲ့ ဂုဏ်သိက္ခာကို ထိပါးစေနေပြီ၊ အဲဒါကြောင့် အာဆီယံ ခေါင်းဆောင်များ အနေနဲ့ သူတို့ရဲ့ သြဇာကိုသုံးပြီး လုပ်ဆောင်ပေးကြပါလို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆယ် (Scott Marciel) ကလည်း သတိပေးထားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့