..............................

Saturday, February 28, 2009

လူထုတော်လှန်ရေး - အဂ်ါခြောက်ရပ်၊ စစ်မျက်နှာငါးသွယ် (အပိုင်း-၁)

ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် ပုံသဏ္ဍာန်အမျိုးမျိုးသော လူထုတော်လှန်ရေး များဖြင့် စနစ်ဆိုးများ ပြောင်းလဲခဲ့ကြသည်။ အာဏာရှင်အစိုးရများ ပြုတ်ကျခဲ့ကြသည်။ အဆိုပါ လူထုတော်လှန်ရေးများကို လေ့လာ၍ နိုင်ငံရေး သိပ္ပံပညာရှင် မိုက်ကယ် အီလွက်ဘိတ်မင်က နှစ်ဆယ်ရာစု နှောင်းပိုင်းကာလ စစ်မဟာဗျူဟာ လေ့လာရေး ပညာရပ်တွင် အရေးကြီးဆုံး စစ်ပွဲ ပုံသဏ္ဍာန်တခု ဖြစ်သော လူထု တော်လှန်ရေးပုံစံ ကို ဖော်ထုတ်ခဲ့သည်။

စစ်မဟာဗျူဟာ ပညာရှင် လော့ရင့်၏ Seven Pillars of Wisdom နှင့် ၀င်းဂိတ်၏ military philosophies များသည် ဖိနှိပ်မှု များကြောင့် ပေါ်ပေါက်လာသော တော်လှန်ရေး ယဉ်ကျေးမှု ရှိနေသည့် နိုင်ငံများအတွက် ဆီလျော်မှု မရှိသည်ကို တွေ့ရှိရာမှ အင်္ဂါခြောက်ရပ်နှင့် စစ်မျက်နှာ ငါးသွယ်ပေါ်တွင် အခြေတည်ထားသော လူထု တော်လှန်ရေးပုံစံ ပေါ်ပေါက် လာရခြင်းဖြစ်သည်။

အင်္ဂါခြောက်ရပ်
မည်သည့် တော်လှန်ရေးတွင်မဆို တော်လှန်ရေးနှင့် လျော်ညီသော အဂါင်္ရပ်များ ပြည့်စုံရမည် ဖြစ်သည်။ လေ့လာ ဆန်းစစ်ချက်များ အရ လူထုတော်လှန်ရေး ပုံစံ အဂါင်္ခြောက်ရပ်နှင့် ညီသော တော်လှန်ရေးများ (ဥပမာ- အင်ဒိုချိုင်းနား၊ အယ်ဂျီးရီးယား၊ ကျူးဘား) တွင် လူထုမှ အောင်ပွဲ ခံနိုင်ခဲ့ပြီး၊ အဂါင်္ခြောက်ရပ် ပြည့်စုံအောင် မဖန်တီးနိုင်ခဲ့သော တော်လှန်ရေးများ (ဂရိ၊ မလေး၊ အင်ဒိုနီးရှား) တွင်မူ အောင်ပွဲရရန် နှောင့်နှေးခဲ့ရသည်။

အဆိုပါ လူထုတော်လှန်ရေး အင်္ဂါခြောက်ရပ်မှာကား
(၁) တော်လှန်ရေးအလားအလာ
(၂) တော်လှန်ရေးအခြေအနေ
(၃) တော်လှန်ရေး ဦးဆောင်မှုနှင့် ဦးဆောင်အဖွဲ့အစည်း
(၄) လူထုပံ့ပိုးမှု
(၅) အားသာချက်ရှိသော ပထ၀ီဝင် နိုင်ငံရေးအခြေအနေများ
(၆) စစ်မျက်နှာအားလုံးတွင် စနစ်ကျသော ပူးပေါင်းဆောင်ရွက်မှု စသည်တို့ဖြစ်ကြသည်။

(၁) တော်လှန်ရေးအလားအလာ
တိုင်းပြည်တပြည်တွင် အုပ်ချုပ်သူအစိုးရမှ ပြည်သူလူထုအား မတရားဖိနှိပ် ချုပ်ခြယ်မှုများ ပြုလုပ်သော အခါ၊ တိုင်းသူပြည်သားများတွင် မိမိတို့၏ နိုင်ငံရေးနှင့် စီးပွားရေးရာ အမြင်များကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် မရှိသောအခါ၊ တိုင်းပြည် အုပ်ချုပ်မှု မူဝါဒများသည် လူ့ဘောင်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများဖြင့် မကိုက်ညီသော အခါနှင့် အုပ်ချုပ်မှု စနစ်နှင့် အုပ်ချုပ်သူများတွင် ပြည်တွင်း အခြေအနေ ယိုယွင်း ပျက်စီးမှုများကို ပြုပြင်နိုင်သော စွမ်းရည်များ မရှိသောအခါ တော်လှန်ရေး အလားအလာ တရပ်သည် ပေါ်ပေါက် လာရစမြဲသာ ဖြစ်သည်။

လူ့ဘောင်တရပ်တွင် ထိုသို့သော တော်လှန်ရေး အလားအလာ အမြစ်တွယ်နေပြီ ဆိုပါက ဒုတိယ အင်္ဂါရပ်ဖြစ်သော တော်လှန်ရေး အခြေအနေတခု ပေါ်ပေါက် လာရန် လိုအပ်သည်။ အထွေထွေ သပိတ်များ၊ အာဏာ ဖီဆန်မှုများသည် အဆိုပါ တော်လှန်ရေး အခြေအနေတခု ပေါ်ပေါက်လာစေရန် မြှင့်တင်ပေးသော နည်းလမ်းများ ဖြစ်ကြသည်။

(ဆက်လက်ဖော်ပြပါမည်)

Ref: ခင်မမမျိုး (၃၀၊ ၈၊ ၂၀၀၈)

0 comments:

အပေါ်သို့