..............................

Tuesday, November 25, 2008

မြန်မာ့ နိုင်ငံရေးဟာသများ (၂)

တာဝန်ကိုယ်စီ
နေပြည်တော် အစည်းအဝေး ခန်းမ တနေရာ ....
အကြီးအကဲ။ ။ မင်းတို့ နိုင်ငံတော် ကာကွယ်ရေးအစီအမံတွေ ငါ့ကိုတင်ပြစမ်း။
ဝန်ကြီး ။ ။ ဟုတ်ကဲ့ ... ပြည်သူတွေဆူပူရင် သူ့ လူနဲ့ သူပြန်ထိန်းသိမ်းဖို့ 
စွမ်းအားရှင်အဖွဲ့ကို ဖွဲ့စည်းပေးထားပါတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့
ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး စောင့်ကြည့်ခိုင်းထားပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကိုလည်း တုတ်တွေ၊ ဒိုင်းတွေ အပြည့်အဝ တပ်ဆင်
ပေးထားပြီး၊ အခါအားလျော်စွာ နှစ်ဖက်ခွဲလေ့ကျင့်ပေးထားပါတယ်။
ပါတီတွေ၊ ကျောင်းသားအဖွဲ့ တွေကိုလည်း တန်ပြန် အဖွဲ့ တွေ ဖွဲ့ စည်းပြီး
ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေပါတယ်။ မီဒီယာ တူ မီဒီယာ
တိုက်ပွဲကိုလည်း အရှိန်မပျက် ဆက်လက် ဆင်နွှဲနေပါတယ် ခင်ဗျာ။
အကြီးအကဲ။ ။ အေး .... ဒါဆို ဘယ်ဆိုးလို့ လဲ။ ကောင်းတယ် ဆက်ထိန်းထား။
သြော် ဒါနဲ့  ငါ့စစ်ဗိုလ်လေးတွေကိုရော ဘာတာဝန်ပေးထားသလဲ။
ဝန်ကြီး ။ ။ သူတို့  အွန်လိုင်း တက်နေကြပါတယ် ခင်ဗျား။
အကြီးအကဲ။ ။ ဟေ ........
( တင်ပြသူ- Clinton )

ဘဘကြီးကျေးဇူး
ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား
အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည်
တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း
ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို
၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် အဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏
ဂုဏ်ကျေးဇူးကြောင့် ၄င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း
မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။
သင်တန်းဆင်းသောနေ့။
ပထမ ... အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က
“ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။
ကျနော် ဘာဘဲလုပ်လုပ် အဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို
စံပြဆု ရရှိခြင်းဖြစ်ပါတယ်။”
လက်ခုပ်သံများ တဖြောင်းဖြောင်း ...
နောက်တစ်ယောက်၊ စာပေထူးချွန်ဆုရသင်တန်းသား သန်းနိုင်
“ကျနော် အခုလို စာပေထူးချွန်ဆု ရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်
ဖြစ်ပါတယ်။ ကျနော် စာပေ သင်ခန်းစာတွေ လေ့လာမှတ်သား သင်ယူတဲ့နေရာမှာ
အဘကြီးကို အမြဲနှလုံးသွင်းတဲ့အတွက် အခုလို စာပေထူးချွန်ဆုရရှိခြင်း ဖြစ်ပါ
တယ်။”
လက်ခုပ်သံများ ရှေ့ကအတိုင်း ...
နောက်ဆုံးတစ်ယောက်၊ လက်ဖြောင့်အကောင်းဆုံးဆုရ သင်တန်းသား မောင်တူး
“ကျနော် အခုလို လက်ဖြောင့်အကောင်းဆုံးဆု ရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူး
ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီနေ့က ကျနော်ပစ်မယ့် ပစ်မှတ်စက်ဝိုင်းရဲ့ အလည်တည့်တည့်
မှာ အဘကြီးရဲ့ပုံ ပေါ်လာလို့ပါဘဲ။”
လက်ခုပ်သံများ စောစောကထက် ပိုပြီး ဆူညံသွားသည်။
မကြာမီ မောင်တူး တပ်ရင်းမှ ပျောက်သွားလေသည်။
( တင်ပြသူ- Zuku )

ဘာနဲ့ တုန်း
နေပြည်တော် တွင်ဖြစ်သည်။
နိုင်ငံတော် အကြီးအကဲသည် ဦးပေါ်ဦး၏လျှောက်ထုံးများကိုဖတ်ပြီး လွန်စွာ
သဘောကျလျက် ဦးပေါ်ဦးကဲ့သို့ အမတ်မင်းများ သူ့အနားတွင်ရှိလျှင် ကောင်းမည်
ဟု မိန့် ကြားလေ၏။
ထို့ ကြောင့် အနီးနားရှိ အရာရှိများကလည်း ဦးပေါ်ဦးစာအုပ်ကို အလုအယက်
ဖတ်ကြရင်း မင်းလိုလိုက် မင်းကြိုက်ဆောင်ဖို့  တွေးတောနေကြလေသည်။
တနေ့ သော် - ဆောက်လုပ်ပြီးကာစ တံတားကြီးတစင်းအား သွားရောက်စစ်ဆေး
ရာ ....တံတားကြီးမှာ လှုပ်နေသည်ကို တွေ့ရသဖြင့် အရာရှိလေးတစ်ဦးမှ ''တံတား
ကြီးကလည်းဗျာ ...'' ဟု တီးတိုးရေရွတ်လိုက်မိ၏။ ထိုအခါ အကြီးအကဲမှ '' ဟဲ့
တံတားကြီးက ဘာဖြစ်တုန်း'' ဟု ပြန်မေးလေရာ .....
အရာရှိလေးမှ '' ဘုန်းတော်ကြောင့် နတ်ပြည်သို့ တိုးလျိုးပေါက် ဆက်သွယ်ပေး
နေသလိုပါပဲ ခင်ဗျား '' ဟု ခေတ်သစ် ဦးပေါ်ဦး လုပ်ကြည့်လိုက်ရာ အကြီးအကဲမှ
လွန်စွာ သဘောကျသည်ဖြစ်သောကြောင့် ဆုတော်၊ ပါမစ်တော်များ ပေးသနား
လေ၏။ အရာရှိလည်း များစွာဂုဏ်တက်လေသည်။
တဖန် - ဖွင့်လှစ်ပြီးကာစ ဆိုင်ဘာစီးတီး သို့ ဝင်ရောက် စစ်ဆေးနေစဉ် ...
တိုက်ဆိုင်လှစွာမီးပျက်သွားသည် ဖြစ်သောကြောင့် .... ''တယ် - မီးက
ဘောက်မဲ့ကြောင့် ပျက်ရသတုန်း''
ဟု မေးမြန်းလေရာ ...လိမ်မာပါးနပ်သော အရာရှိမှ '' မှန်ပါ၊ နိုင်ငံတော်
အကြီးအကဲ၏ ကိုယ်ရောင်အရှိန်အဝါကို လျပ်စစ်မီးနတ်သားမှ မယှဉ်နိုင်သော
ကြောင့် ဝေးရာသို့ ဖယ်ခွာပြေးသဖြင့် မီးပျက်ရပါသည် ခင်ဗျား'' ဟု ဖြေကြား
လိုက်ရာ သဘောကျလှသဖြင့် ဆုတော် ပါမစ်တော်များ ထပ်မံ ချီးမြှင့်ပြန်
လေသည်။
ထိုသို့  လှည့်လည်စစ်ဆေးပြီးအပြန် အစည်းအဝေးခန်းမဆောင်တွင် စည်းဝေး
နေကြစဉ် –
သမီးတော်လေးအား မမြင်မိသည်ကို သတိထားမိသောကြောင့် အကြီးအကဲမှ ...
'' ဟဲ့ ငါ့သမီးတော်လေး မတွေ့ မိပါလား '' ဟုမေးလေသည်။
ထိုအခါ ... ပါးနပ်ပြီး စကားကြွယ်သော အရာရှိမှ '' မှန်ပါ၊ ရှောင်လွှဲမရနိုင်သော
သဘာဝတရား၏ ကျီစားမှုကြောင့် ကိုယ်လက်မအီမသာဖြစ်လျက် အနားယူနေ
ကြောင်းပါ '' ဟု ပြန်ဖြေလေ၏။
ဤတွင် နိုင်ငံတော် အကြီးအကဲသည်လည်း မိမိကိုယ်ကို ဘိုးတော်နီးနီး ထင်မှတ်
နေပြီဖြစ်သောကြောင့် အစည်းအဝေးကို ရုပ်သိမ်း လူစုခွဲလေသည်။
နောက်တနေ့ မနက်တွင်မှ - အစည်းအဝေး လူစုံချိန်၌် မိမိအရာရှိလေးကို ထပ်မံ
စမ်းသပ်လိုသည်ဖြစ်သောကြောင့် '' ဟဲ့- ဘာနဲ့ တုန်း '' ဟု မေးလေ၏ ။ ( ဘာ
ရောဂါနဲ့ တုန်းဟုမေးရမည် ဖြစ်သော်လည်း အကြီးအကဲမှာ ဘိုးတော်၏ ဒိုင်ယာ
လော့ဂ်များမှ မသွေဖီလိုသောကြောင့် မူရင်းအတိုင်းမေးလေသည်။)
လိမ်မာပါးနပ်ပြီး သတိဝီရိယဖြင့် ပြည့်စုံသော အရာရှိလေးမှ မဆိုင်းမတွပင် ...
''ဗိုက်နဲ့ပါခင်ဗျား'' ဟု ပြန်ဖြေသည်တွင် ...အကြီးအကဲ ခမျာလည်း မတ်တပ်မှ
စန့် စန့် လဲ၍ လေငန်းစွဲလေတော့သည်။
( တင်ပြသူ- )

“ဟယ် ... ဒါတော့ ...”
တနေ့သ၌ “ဘိုးတော် မင်းမတရားကြီး”သည် မိမိ၏ နေပြည်တော်သစ်ကြီး မည်မျှ
စည်ကားသာယာနေသနည်း ဆိုသည်ကို သိလိုသောကြောင့် အမတ်ကြီး ဦးပေါ်ရူး
အား ခေါ်၍ မေးမြန်းတော်မူ၏။
ဘိုးတော်။ ။ “ဟဲ့၊ ပေါ်ရူး၊ ငါကိုယ်တော်မြတ် နေပြည်တော်သစ်ကြီးရဲ့ လက်ရှိ
အခြေအနေကို သိလိုတော်မူတယ်။ မောင်မင်း သိသလောက် လျှောက်တင်စမ်း။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ဘုန်းတော်ကြောင့် အရှင့်နေပြည်တော်ကြီးဟာ
နတ်ပြည်နဲ့မှားလောက်အောင် စည်ကား သာယာဝပြော နေပြီဖြစ်ကြောင်းပါ။”
ဘိုးတော်။ ။ “အိမ်း၊ ငါကိုယ်တော် အားရတော်မူလှသကွယ်၊ အကျယ်သဝင့်
ရှင်းလင်း လျှောက်တင်ဦးလော့ အမတ်ကြီး။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရုံးတော်များ အားလုံးကို ရန်ကုန်မှ ရွှေ့လာပြီးကြောင်း
ပါ။ ရန်ကုန်ပိဋကတ်တိုက်ကြီးမှ စာအုပ်အားလုံးကို သယ်ယူပြီး နေပြည်တော်
ပိဋကတ်တိုက်သစ်ကြီးအဖြစ် တည်ထောင်ပြီးကြောင်းပါ။ ရန်ကုန်တိရစ္ဆာန်ရုံမှ
တိရစ္ဆာန်များကိုလည်း နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ထားရာ အတော်
စုံစုံလင်လင် ရှိနေပါပြီ ... ဖျာ့။”
ဘိုးတော်။ ။ “မီးများကော မှန်ရဲ့လားကွဲ့။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးခွဲတမ်းများကို လျှော့ပြီး
နေပြည်တော်ကို လျှပ်စစ်မီး ထိန်ထိန်ညီးစေရန် စီစဉ်ထားကြောင်းပါ”
ဘိုးတော်။ ။ “ကိုးကွယ်ဖို့ အတွက်ကော ...”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်က ရွှေတိဂုံဘုရားကြီးကိုလည်း ဒီကို ရွှေ့လာဖို့
ကြံရွယ် ထားပါတယ်... ဖျာ့”
ဘိုးတော်။ ။ “ကောင်းသကွယ်၊ နောက်ပြီး ငါ့လူတွေဖို့ ပျော်စရာ ပါးစရာတွေ
စီစဉ်ပေးဖို့လည်း မကျန်စေနဲ့ဦးကွဲ့။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်မှာရှိတဲ့ အနှိပ်ခန်းများကိုလည်း ဇိမ်မယ်များပါ
မကျန်ခဲ့လေအောင် ပြောင်းလာခဲ့ခိုင်းပြီးပါပြီ ...ဖျာ့။”
ဘိုးတော်။ ။ “ဟယ် ... ဒါတော့ အသစ်လေးတွေ ရှာခိုင်းလကွယ် ...”
( တင်ပြသူ- mgpo )

တကယ်လို့များ
ဇန္န၀ါရီလ ၇ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးက “ အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ် အကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ

ဒုတိယဗိုလ်ချုပ်မှူးကြီးက ထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့ စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”ဟု ပြောရာတွင်

တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”။

ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။

0 comments:

အပေါ်သို့