..............................

Thursday, January 10, 2013

လက်ကမ်းစာစောင်ဝေတာပိတ်ပင်လို့ သန်လျင် နည်းပညာကျောင်း မှာ ရုတ်ရုတ်သဲသဲဖြစ်

2013-01-09

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် တောင်ပိုင်းခရိုင်က ရန်ကုန်တိုင်း သန်လျင် နည်းပညာ တက္ကသိုလ်ရှေ့မှာ ဒီနေ့ မနက်က လက်ကမ်း စာစောင်တွေ ဖြန့်ဝေတာကို ဆရာတွေနဲ့ ကျောင်း လုံခြုံရေးတွေက တားဆီး ပိတ်ပင်တဲ့ အတွက် ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ် လို့သိရပါတယ်။

ဒီကနေ့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်၊ တောင်ပိုင်းခရိုင် ဗကသ ပေါ်ပေါက် လာပုံနဲ့ ဥက္ကဌ အဆက်ဆက်တို့ အမည်တွေ ပါဝင်ပါတယ်။

ဒါကို စစ်တပ်က ပြောင်းလာတဲ့ ကျောင်းဆရာက ဗသကဆိုတာ တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့ အတွက် စာဝေခွင့် မရှိဘူးလို့ ပိတ်ပင်သလို၊ ကျောင်းသားတွေကို မချေမငံပြော ဆိုပြီး၊ ရဲ နဲ့ စရဖ လုံခြုံရေးတွေ ခေါ်လိုက်တယ်လို့ ဗကသ တောင်ပိုင်းခရိုင် တာဝန်ခံ ကိုမင်းသွေးသစ်က RFA ကိုပြောပါတယ်။

အဲဒီနောက် ဆရာတွေက လက်ကမ်း ကြေညာဝေတဲ့ ကျောင်းသားတချို့ဆီက ကျောင်းသားကဒ်နဲ့ တယ်လီဖုန်းတွေ သိမ်းလိုက်တဲ့ အတွက် ညနေပိုင်းမှာတော့ တခြားကျောင်းတွေကကျောင်းသားတွေပါ ရောက်လာပြီး အခြေအနေ တင်းမာလာလို့ သိမ်းထားတဲ့ ပစ္စည်းတွေပြန်ပေးတယ်လို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့