..............................

Monday, January 7, 2013

ကချင်စစ်ရေး ကြားဝင်ဆောင်ရွက်ဖို့ အစိုးရ ခွင့်ပြုချက်လိုကြောင်း ဒေါ်စုပြော

2013-01-07

ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား အရှိန်မြင့်လာနေတဲ့ စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် ဝင်ရောက်ဆောင်ရွက်ဖို့ ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

ကချင်ပြည်နယ်ပြဿနာကို ဝင်ရောက်ဆောင်ရွက်မှာပါလားလို့ AFP က မေးမြန်းရာမှာ ဒီကိစ္စဟာ အစိုးရ အပေါ် တည်ပါတယ်၊ အခုလောလောဆယ်မှာ ဒီကိစ္စကို အစိုးရက ကိုင်တွယ်နေတာပါ၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာမှာ ပါဝင်ဖို့အတွက် အစိုးရဆီက တရားဝင် ကမ်းလှမ်းလာဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင် က ကချင်ပြဿနာမှာ ပြည်တွင်းပြည်ပမှာ သြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးက ကြားဝင်ဆောင်ရွက်သင့်ကြောင်း၊ ဆောင်ရွက်ဖို့ တာဝန်လည်း ရှိကြောင်း တိုက်တွန်းပြောဆို ခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့