..............................

Wednesday, January 9, 2013

AAPP အဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံ

2013-01-07

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ဦးတိတ်နိုင်နဲ့ ဦးဘိုကြည် တို့ဟာ မနေ့ နေ့လည်ပိုင်းက ဦးမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုရေး၊ နိုင်ငံရေး အကျဉ်သား ဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို အစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက် သူတွေကြား အနီးစပ်ဆုံး တူညီအောင် ဖွင့်ဆိုနိုင်ရေးနဲ့ အကျဉ်းသားဟောင်းများ ဘဝပြန်လည် ထူထောင်ရေး ဆိုတဲ့ အချက် ၃ချက်ကို အဓိကထားဆွေးနွေး ခဲ့တယ်လို့ AAPP အတွင်းရေးမှုး ဦးတိတ်နိုင် က RFA ကို ပြောပါတယ်။

"အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၁၈ယောက် ကျန်နေသေးပါတယ်၊ ဒီ့အပြင် အခု တရားရင်ဆိုင်နေရတဲ့ သူတွေ၊ ကချင်ပြည်နယ်မှာ ဖမ်းထားတဲ့ လူတွေရော ဆိုရင် ၃၅ဝ၊ ၃၆ဝလောက်ရှိပါတယ်၊ ကျနော်တို့ စာရင်းနဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေရဲ့ စားရင်းပြုစုနေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းနဲ့ အနည်းငယ် ကွာဟမှုတွေ ရှိပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေး အကျဉ်းသား စာရင်းပြုစုနည်းကို ဘယ်လို လုပ်ကြမလဲဆိုတာ ဆွေးနွေးတယ်၊ အဲလိုဆွေးနွေးတဲ့ အခါ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် တူညီမှသာလျှင် ဒီဂဏန်းတွေလည်း လိုက်တူနိုင်တယ်လို့ စဉ်းစားတဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်း ဆွေးနွေးပါတယ်"

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်နဲ့ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် တို့ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၅ရက်နေ့က ရောက်ရှိ လာခဲ့ကြပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့