..............................

Monday, December 17, 2012

လက်ပန်းတောင်းတောင် အကြမ်းဖက်မှုအပေါ် အစိုးရတောင်းပန်

2012-12-15

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတော်တွေကို နိုင်ငံတော် သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ရဲချုပ် ဦးကျော်ကျော်ထွန်း တို့ဟာ ဒီကနေ့ နေ့လည် ၂နာရီက မန္တလေးမြို့က အတုမရှိကျောင်းတိုက် မှာ တောင်းပန်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

သမ္မတရုံးဝန်ကြီးရဲ့ တောင်းပန်စကားဟာ နိုင်ငံတော် အစိုးရက တောင်းပန်တဲ့စကားရပ် အဖြစ် သံဃာထုက ယုံကြည်တယ်လို့ ဓမ္မဓဟာရကျောင်း ဆရာတော်က ဒီကနေ့ တောင်းပန်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ တောင်းပန်ပွဲကို သံဃာတော်အပါး ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး တောင်းပန်တဲ့ စကားရပ်ကို ထေရဝါဒ သာသနာ အစဉ်အလာ အရ ပါဌိလို ရွတ်ဖတ် တိုင်ကြားပေးခဲ့ပြီး ဝန်ကြီးနဲ့အတူ တက်ရောက် လာတဲ့တာဝန်ရှိသူတွေက လိုက်ပါ ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မိုက်မဲတဲ့အလျောက် တွေဝေတဲ့အလျောက် မလိမ္မာတဲ့အလျောက် သံဃာတော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မိတဲ့ အပြစ်ကို သံဃာတော် အရှင်သူမြတ်တို့က ကရုဏာ အားဖြင့် ခွင့်လွှတ်ပေးပါရန် ရွတ်ဆို ခဲ့ကြပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့