..............................

Monday, December 17, 2012

မြန်မာနိုင်ငံကို လက်နက်မရောင်းကြောင်း အိန္ဒိယအရာရှိပြောကြား

2012-12-16

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် မည်သည့်နိုင်ငံခြား တိုင်းပြည်ကိုမှ လက်နက် တစုံတ ရာ ရောင်းချခဲ့ခြင်း မရှိပါဖူးလို့ အိန္ဒိယ စစ်တပ် ထိပ်တန်း အရာရှိတဦးက ပြောကြား လိုက်ကြောင်း ဒီကနေ့ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထုတ် The Times of India သတင်းစာမှာ ဖော်ပြထားပါ တယ်။

ကချင်ပြည်နယ်မှာ မြန်မာတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 တင့်ကားဖျက် ရိုင်ဖယ် တစ်လက် အပေါ်က နံပါတ်ကို ဆွီဒင် အစိုးရက စစ်ဆေးခဲ့ရာမှာ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့တဲ့ လက်နက်ဖြစ်နေကြောင်း သိရှိခဲ့ရပြီးနောက် ဆွီဒင် အစိုးရက အိန္ဒိယ အစိုးရကို ရှင်းလင်းချက်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီး Salman Khurshid က မိမိတို့ လက်နက် အရောင်းအဝယ် မလုပ်ကြောင်း အဲဒီသတင်းနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေကြောင်း မနေ့က ရန်ကုန်မြို့မှာ ပြောကြားပါတယ်။

ဥရောပနိုင်ငံများအဖွဲ့ အီးယူဟာ မြန်မာနိုင်ငံကို ၁၉၉၆ ခုနှစ်ကစပြီး လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင် ထားတာဖြစ်တဲ့ အတွက် အီးယူ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံလုပ် လက်နက်တခု မြန်မာစစ်တပ် လက်ထဲ ရောက်ရှိတာကို တွေ့ရှိခဲ့ရာကနေ အခုလိုနောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ် လာနေတာဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့