..............................

Monday, December 17, 2012

အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်

2012-12-16

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စပြီး မြန်မာနိုင်ငံတ၀ှမ်းမှာ လူ့အခွင့် အရေးလုပ်ငန်းတွေ ဆောင်ရွက် လာခဲ့တဲ့ HRDP လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများကွန်ယက်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင် မှတ်ပုံတင် ပြီး နိုင်ငံတကာ အဆင့်မီ NGO တစ်ခုအဖြစ် ဖွဲ့စည်း တည်ထောင်သွားမယ်လို့ ရှမ်းပြည်နယ် မှာ ရောက်ရှိနေတဲ့ HRDP အဖွဲ့ရဲ့ အကြီးအကဲ ရှေ့နေဦးမြင့်အေးက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့ ပြောကြားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်(၃) ချက် ထဲက ပထမဆုံးအ ချက် ကိုပဲ လိုက်လျောမှု ရသေးတာဖြစ်ကြောင်း၊ကျန်နှစ်ချက်ဖြစ်တဲ့ သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူ ပေးရေးနဲ့ လက်ပန်တောင်းတောင် အရေးကြောင့် ဖမ်းဆီ ခံရသူတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့ တောင်းဆိုချက်တွေ အပေါ် စုံစမ်းရေး ကော်မရှင်ရဲ့လုပ်ဆောင်ချက်နဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သံဃာတော်တွေ ဆွေးနွေး ခဲ့ကြပါတယ်။

ဒါ့အပြင်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ၀န်းရံလိုက်ပါခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆို ခဲ့ကြပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကိုဂဠုန်နီဆရာတော်ဦးကာဝိယ၊ဘ၀အလင်းဆရာတော်တွေ ဖြစ်တဲ့ ဦးသောဘိတ၊ ဦးဥတ္တမသာရ အပါအ၀င် ဦးဆောင် ဆရာတော်(၁၂) ပါး၊ အထက်ဗမာပြည် ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ ပုဒ်မ(၁၈) ကို ပြင်ပေးရေး၊ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့အစည်းတွေက ရဲဘော်တွေကို ချက်ခြင်း လွှတ်ပေးရေး၊ တရားမဲ့ ဖမ်းဆီးမှုနဲ့ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီတန်း လှည်လည်မှုကြောင့် တရားစွဲခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရား စွဲထားတာတွေကို အမှု ပိတ်သိမ်းပေးရေး အချက်တွေ ပါဝင်တဲ့ သဘောထား ကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။

အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်အနေနဲ့ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ(၁၈) ကို လုံးဝ ဖျက်သိမ်းတဲ့ အထိ
ဆက်လက် တိုက်ပွဲ ၀င်သွားကြမယ် လို့လည်း သိရပါတယ်။

Ref: RFA News


0 comments:

အပေါ်သို့