2012-12-17
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်း ခံရချိန်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားနဲ့မေးရိုး အထူးကု ဌာနမှာ တက်ရောက် ကုသနေတဲ့ သံဃာတော်တွေ သွားရောက်တွေ့ဆုံ ခဲ့ပြီး၊ သံဃာတော်တွေရဲ့ ကျန်းမာရေး တိုးတက်မူ အခြေအနေတွေကို ကြည့်ရှု အားပေးခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်နဲ့ လည်းတွေ့ဆုံပြီး ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေး အတွက် လိုအပ်ချက်တွေကိုလည်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွန်းမံပြီး အဆင့်မြင့် ဆေးရုံကြီး ဖြစ်မြောက်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က  ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း ခဲ့ပါတယ်။
Ref:  RFA News 
Tuesday, December 18, 2012
ရန်ကုန် ဆေးရုံကြီးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစစ်ဆေး
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment