2012-12-16
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေတဲ့ အတွက် သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွှဲသွားမယ်လို့ လက်ပန်းတောင်းတောင် ဒေသ ခံတွေ ဒီကနေ့ ညနေပိုင်းက ဆုံးဖြတ် လိုက်ပါတယ်။
ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ တုံရွာအနီး ဒေသခံတွေဖွင့်ထားတဲ့ သပိတ်စခန်းကို ဆက်လက် ထားရှိရေး နဲ့ ပတ်သက်ပြီး ဒေသခံ ရွာ ၁၂ ရွာက ရွာသူရွာသား ၂၀၀ ကျော် ဒီကနေ့မိန်းလွဲပိုင်းက အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။
သပိတ်တိုက်ပွဲပုံစံနဲ့ပတ်သက်ပြီး မိန့်ကြားရာမှာ ထိုင်သပိတ်ပုံစံဖြစ်ပြီး တောင်းဆိုချက် အနေနဲ့ ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်က စုံစမ်းနေစဉ် စီမံကိန်း လုပ်ငန်းတွေ လုံးဝ ရပ်တန့် ထားရန်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းကို အကြမ်းဘက် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူသင့်သူ များကို အရေးယူ ပေးရန် ဖြစ်တယ်လို့ သိရပါတယ်။
Ref:  RFA News 
 
 
Monday, December 17, 2012
လက်ပန်းတောင်းတောင် သပိတ်စခန်းဆက်လက်ဖွင့်ထားမည်
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment