..............................

Thursday, December 1, 2011

မြန်မာနိုင်ငံခရီး တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဟု အမေရိကန် အစိုးရ ပြော

2011-11-30

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို အမေရိကန် ချဉ်းကပ်မှုဟာ တရုတ်နိုင်ငံနဲ့ သြဇာချဲ့ထွင်ဖို့ ပြိုင်ဆိုင်နေတဲ့ သဘောလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က “အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ သမ္မတ အိုဘားမား ပြောခဲ့သလို မြန်မာ ခေါင်းဆောင်ပိုင်းမှာ တိုးတက်မှု အများအပြား တွေ့လာရတဲ့ အတွက် ဒီအခွင့်အရေးကို အရယူပြီး အပြောင်းအလဲတွေ ပိုတိုး လုပ်ဆောင်နိုင်အောင် အားပေး တိုက်တွန်းဖို့ပါ။ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ပါဘူး”လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့တွေ အားလုံး ပါဝင်လာနိုင်အောင် နောက်ထပ် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဆက်လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို လောလောဆယ် အလေးထားပါတယ် လို့လည်း Mr. Toner က ပြောကြားသွားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့