2011-11-28
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက မှတ်ပုံတင်ရေး ကိစ္စနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ဆွေးနွေး တင်ပြခဲ့ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။ 
မှတ်ပုံတင်တဲ့အခါ လုပ်ဆောင်ဖို့ လိုအပ်မယ့် ကိစ္စတွေကို ကြိုတင် ဆောင်ရွက် ထားကြဖို့လည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
   
ပါတီ မှတ်ပုံတင်ပြီး အသစ် ပြန်လည် တည်ထောင်တဲ့ အခါ ပါတီဝင် အသစ်တွေ လက်ခံရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပထမအရစ် အနေနဲ့ လျှောက်လွှာ ပုံစံ တစ်သန်း ရိုက်နှိပ်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဘယ်ဒေသ ဘယ်တိုင်းရင်းသား အကန့်အသတ် မရှိဘဲ မြန်မာနိုင်ငံသား အားလုံးကို လက်ခံဖို့ရှိကြောင်း ပြောပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် အဖြစ် ဝင်ရောက်လိုတယ် ဆိုရင် လျှောက်ထားနိုင်ကြကြောင်း သိရပါတယ်။ 
Ref:  RFA News 
Tuesday, November 29, 2011
မှတ်ပုံတင်အပြီး ဆောင်ရွက်စရာ ဒီချုပ် ဆွေးနွေး
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment