..............................

Friday, September 30, 2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့

Thursday, 29 September 2011

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားမည် ဆိုသည့် အချက် ပါဝင်ကြောင်း၊ နိုင်ငံတော် သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့် အပေါ် မိမိတို့ အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့် အာဏာအရ တာဝန်ယူ လုပ်ဆောင်ကြခြင်း ဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ပေးပို့ထားခြင်း ဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဆန္ဒကို အလေးထား ရပါသည်။ ပြည်သူများ၏ စိုးရိမ် ပူပန်မှုများကို အလေးထား၍ ဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်း ထားမည် ဖြစ်ပါသည်။ နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအား လျှပ်စစ် စီမံကိန်းများ ကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး အကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

Ref: EMG News

0 comments:

အပေါ်သို့