..............................

Thursday, June 2, 2011

ရန်ကုန်မှာ ရောဂါရှိသော ၀က်သားများ သွေးအတုနှင့် သုတ်လိမ်းရောင်းချနေ

June 2 , 2011

ရန်ကုန် ၃၈ လမ်းဈေး ပုဇွန်တောင်ဈေး သာကေတမြို့ ဈေးအချို့တွင် ယခုရက်ပိုင်း အတွင်း ဝက်သေသား များကို သွေးအတုများ သုတ်လိမ်း ၍ ရောင်းချမှုများ ရှိနေကြောင်း ယင်းမြို့နယ်များရှိ အိမ်ရှင်မတို့က ဆိုသည်။

”ရဲရဲနီနေတဲ့ အသားတွေ၊ ပုံမှန် ဝက်အသွေး အသားမျိုး မဟုတ်ဘဲနဲ့ ဆေးတွေ ဆိုးထားတဲ့ အတိုင်း ဖြစ်နေတာ”ဟု အိမ်ရှင်မ တစ်ဦးက ပြောပြသည်။ မေလ လယ်ပိုင်း အတွင်း ရန် ကုန်မြို့ မြို့နယ် အချို့ရှိ ဝက်ခြံများ တွင် ဝက်များ သေဆုံးမှု ဖြစ်ပေါ်ပြီး နောက်၊ ဝက်သားဈေးများ အဆမတန် စံချိန်တင် လျော့ကျခဲ့ရာ၊ ယခုနောက် ဆုံး မသမာသော နည်းဖြင့် ဆေးဆိုး ရောင်းချသည် အထိ ရှိလာခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ယခင်က ဝက်သား တစ်ပိဿာ လျှင် ကျပ် ၅ဝဝဝ အထက် ရှိခဲ့ရာမှ ယခု အခါ ဝက်သား တစ်ပိဿာ ကျပ် တစ်ထောင်ဝန်း ကျင်ပင်ရှိလာ ကြောင်း သိရသည်။

”အရင်ရက်တွေတုန်းက ဝက်သား တစ်ဆယ်သားကို ကျပ် ၃ဝဝ နဲ့ ရောင်းနေ သေးတယ်။ ဒီနေ့ ဈေး ထဲရောက်တော့ တစ်ဆယ်သား ၁ဝဝ ကျပ်နဲ့ အော်ရောင်းနေတာ။ အဲဒီလောက် ဈေးလျှော့ ရောင်းတော့ စား တဲ့သူက မစားရဲ တော့ဘူးလေ။ တချို့ကတော့ ကန်စွန်းရွက် တစ်စီးလည်း ကျပ် ၁ဝဝ ဆိုတော့ ဝက်သား တစ်ဆယ်သားပဲ ဝယ်စားမယ် ဆိုတဲ့ သူတွေက ရှိနေတော့ ရောင်းနေရ တာပါပဲ” ဟု သာကေတ (၁) ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပြသည်။ ထို့အပြင် လသားအရွယ် ဝက်သေကောင် တစ်ကောင်ကို မေလ ၂၇ ရက်နေ့က သာကေတ မြို့နယ် ၄။ မြောက်ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းနှင့် မြို့မ ၁၂ လမ်း အနီးတွင် ပီနန် အိတ်ထဲထည့် စွန့်ပြစ်ထားသည်ကို သက်ဆိုင်ရာ ရပ်ကွက် တာဝန်ရှိ သူများ တွေ့ရှိခဲ့ သည်ဟု စုံစမ်းသိရှိ ရသည်။ ယင်း လသားအရွယ် ဝက်သေကောင် အား တိရိစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာန ဆရာဝန် တစ်ဦးနှင့် စစ်ဆေးပြီး မြို့နယ် စည်ပင်မှ တာဝန် ရှိသူများနှင့် ပူးပေါင်းကာ ဆင်းရဲသား ပြည်သူများကို ရောင်းချလျှက် ရှိသည်။ ၎င်းအပြင် ၃၈ လမ်းဈေး ပုဇွန်တောင်ဈေး များတွင် ၀က်သေသားများအား ရေခဲရိုက် ပုံဖျက်ကာ ရောင်းချမည့် နံနက်တွင် လတ်ဆတ်သော ၀က်သွေး သွေးအတုများ သုတ်လိမ်းပြီး ပြည်သူများကို ရောင်းချလျှက် ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဈေး တာဝန်ခံများကို ငွေပေးလုပ်ဆောင်ကြပြီး ဈေးတာဝန်ခံ များသည် မိမိ ငွေရရေးကိုသာ အဓိကထားပြီး ဆင်းရဲသား ပြည်သူများကို နည်းပေါင်းစုံဖြင့် ဒုက္ခ ရောက်စေလျှက် ရှိသည်။ အချို့ ၀က်သားသည်များမှာ ရောင်းမကုန်သော ၀က်သားများကို ၀က်အူချောင်း ၀က်ပေါင်ခြောက် လုပ်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရသည်။ သာကေတ မြို့နယ်ရှိ အိမ်မွေး ဝက်အချို့မှာလည်း မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်း သိရှိရသည်။


ပေးပို့သူ -- WASP17

0 comments:

အပေါ်သို့