..............................

Tuesday, March 29, 2011

အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုပြော

တနင်္လာနေ့၊ မတ်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စ္ဈိမ) ။ ။ အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ခံ အစိုးရသစ် ဝန်ကြီးများကို အကြံပေးခဲ့သည်ဟု နေပြည်တော်မှ လာသော သတင်းတရပ်က ဆိုသည်။

အသက် ၇၈ နှစ် ရှိ နအဖ အကြီးအကဲ၏ နေပြည်တော်ရှိ စစ်ဌာနချုပ်တွင် စနေနေ့က နှုတ်ဆက် မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product - နိုင်ငံ၏ နှစ်စဉ် ထုတ်ကုန်နှင့် ဝန်ဆောင်မှု တန်ဖိုး စုစုပေါင်း) သည် လာအိုနှင့် ကမ္ဘေ္ဘာဒီးယားနိုင်ငံ တို့ အောက်သို့ပင် နိမ့်ကျနေကြောင်း ပထမဆုံး အကြိမ် ၀န်ခံမှု ပြုသွားပြီး လာဘ်ပေး လာဘ်ယူမှု ပပျောက်အောင် လုပ်ရမည်ဟု ထဲ့သွင်း ပြောဆို သွားသည်။

နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက် ခံထားရသည့် ဦးသိန်းစိန်အား အာဏာ လွှဲပေးမည့် ရက်ကိုမူ ယခု အချိန်အထိ အတိအကျ မထုတ်ပြန် သေးပေ။ ၀န်ကြီးများ လိုအပ်လျှင် လာရောက် တွေ့ဆုံနိုင်ကြောင်းလည်း တပ်မတော်နေ့က ညစာစားပွဲ အခမ်းအနား တက်ရောက်ခဲ့သော ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖိတ်ကြား သွားခဲ့သည်။

အစိုးရနှင့် နီးစပ်သော သတင်းတခုက အစိုးရသစ် ဝန်ကြီး အဖွဲ့သည် မတ်လ ၂၉ ရက် အင်္ဂင်္ါနေ့တွင် ကျမ်းသစ္စာ ကျိန်ဆို ကြမည်ဟု ဆိုသည်။ သို့သော် အရင်ရက်များက လွှတ်တော် အမတ်များက ခန့်မှန်းရာတွင် အစိုးရ အဖွဲ့သစ်သည် ဧပြီလ ပထမ အပတ်ထဲတွင် အာဏာ ရယူလိမ့်မည်ဟု ဆိုသည်။

Transparency International အဖွဲ့၏ ၂၀၀၉ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) တွင် အဂတိ လိုက်စားမှု အမြင့်ဆုံး စာရင်း၌ ဆိုမာလီယာ နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အာဖဂန် နစ္စတန်နှင့်အတူ ပူးတွဲ ဒုတိယ နေရာ၌ ရှိနေသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့