..............................

Friday, July 9, 2010

မြန်မာ စစ်လက်နက်တိုက်ပေါက်ကွဲ

9 July 2010

ကချင်ပြည်နယ် ဟိုပင်မြို့ အနောက်မြောက် ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၈၉ တပ်ရင်းရဲ့ လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက် လက်နက်ရုံ တစ်ခုလုံး မြေပေါ်မှာ ပြားသွားတယ်လို့ ဒေသခံများက ပြောပါတယ်။

မိုးရာသီ မိုးရွာသွန်းမှု များတဲ့အချိန် ဖြစ်တာကြောင့် လက်နက်ရုံ ပေါက်ကွဲမှုဟာ ရာသီဥတုကြောင့် မဟုတ်ပဲ တစ်စုံတစ်ယောက်က ဖေါက်ခွဲတာလို့ ဒေသခံတွေက ထင်မြင် ယူဆ နေကြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ဗိုလ်ချုပ်သာအေး ရောက်လာပြီး စုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝ တပ်ဖွဲ့က အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှုးအိုက်ထွန်းရဲ့ အိမ်ကို ဝင်ရောက်စစ်ဆေးပြီး ပြောင်းတို၊ ပြောင်းရှည် သေနက်တွေနဲ့ ပါဂျဲရိုးကားတို့ကို သိမ်းဆည်း သွားတယ်လို့လည်း သိရပါတယ်။ စစ်ဆေးချိန်မှာ ဗိုလ်မှုးအိုက်ထွန်းဟာ နေအိမ်မှာ မရှိပါဘူး၊

ယခုပေါက်ကွဲမှုနဲ့ ဗိုလ်မှုးအိုက်ထွန်းနဲ့ ပတ်သက်မှု ရှိ မရှိ ကိုလည်း အတည်ပြုချက် မရပါဘူး။

ဟိုပင်မြို့ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။


Ref: BBC News

0 comments:

အပေါ်သို့