..............................

Monday, June 8, 2009

ဥပဒေအထက်က စစ်ပဒေသရာဇ်မျိုးနွယ်စုတွေကို တော်လှန် ကြမယ့် တပ်မတော်သားကြီး တွေရဲ့ရင်ဖွင့်သံ

၇၊ ၀၆၊ ၀၉

တပ်ကြပ်ကြီးဟောင်းတဦး။ ။
ကျနော်က တပ်မတော်ထဲမှာ သူခိုးအလုပ် မလုပ်ချင်လို့ တပ်က ထွက် ပြီး စင်္ကာပူမှာ ကိုယ်တတ်တဲ့ ပညာ ကိုသုံးပြီး သမ္မာအာဇီဝ အလုပ်ကို လုပ်နေတဲ့ သူတယောက်ပါ။ ကျနော် ဒီရောက်နေတာ ၂ နှစ် နီးပါး ရှိ ပြီ။ TV လည်း ကြည့် ဖြစ်ပါရဲ့။ ဒါပေမယ့် စင်္ကာပူ ၀န်ကြီးချုပ်တို့၊ ၀န်ကြီး တို့ကို မမြင်ဖူးသေးဘူး။

ကျနာ် က အစိုးရ project တစ်ခုဖြစ်တဲ့ MRT ဘူတာ ဆောက်လုပ်ရေးမှာ လုပ်တာပါ။ ပြီးခဲ့တဲ့လက ဖွင့်ပွဲ လုပ်သွားတယ်။ ၀န်ကြီးက အဲဒီတစ်ခေါက်ပဲ လာသွားတယ်။ ဘယ်သူ ၀န်ကြီးမှန်း မသိလိုက်ဘူး။ မြန်မာ ပြည်လို ကော်ဇောတွေ၊ ထီးမိုး တွေလည်း မပါဘူးလေ။ ကျွန်တော်ကဖြင့် အဲလို အဆောင်အယောင်တွေကို လိုက်ရှာနေတာ။ ၀န်ကြီးကို မြင်ဖူးချင်လို့။ ဒါနဲ့ Singaporian တွေကို မေးကြည့် လိုက်တော့ သူတို့က ဘာပြောလဲဆိုတော့ ၀န်ကြီးဆိုတာက ရုပ်ရှင်မင်းသားမှ မဟုတ်တာတဲ့။ ကျနော်တို့ နိုင်ငံမှာတော့ ဒီ သောက်အကျိုး မပေးတဲ့ အကောင်တွေကို မမြင်ချင်၊ မတွေ့ချင်အဆုံးပဲ။ ကျနော်တို့ လူမျိုးတမျိုးလုံး ၀ဋ်ခံ နေရ တယ်ဗျာ။

ဗိုလ်ကြီးဟောင်းတဦး။ ။
ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ညီ ဦးအောင်မြင့်ဆိုတာ ပဲနွယ်ကုန်းမြို့ပေါ်မှာ ရှိပါတယ်။ ဗိုလ်ရွှေမန်းရဲ့ မိခင်လည်း အဲဒီမြို့မှာပဲ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ နေပါတယ်။ ဗိုလ်ရွှေမန်းရဲ့ ညီဖြစ်တာနဲ့တင် ဒေသခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကြောက်ရွံ့ လေးစား ရပါတယ်။ ဗိုက်ကြီးအောင်မြင့်လို့ အဲဒီ ဒေသခံတွေ အကြား သိသူများပါတယ်။ အင်မတန် ဗိုက်ပူ ၀ဖြိုးပြီး ရိုင်းစိုင်း ရက်စက်စွာနဲ့ တပည့် လူမိုက်တွေ အများကြီး မွေးပြီး အင်မတန် စီးပွားရေး သောင်းကျန်းသူ ဖြစ်ပါတယ်။ ဥပဒေ အထက်မှာ နေပြီး မတရားတာ မှန်သမျှ အကုန်လုပ်သူဖြစ်လို့ လူမုန်းများပါတယ်။ ပဲနွယ်ကုန်း တမြို့လုံးက သတ်ချင်နေတဲ့ ဗိုက်ကြီး အောင်မြင့်ရဲ့ ငွေကြေး ချမ်းသာချက်ကတော့ ပြောမကုန်ပါ။ မဆလ ခေတ်က ဆောက်လုပ်ခဲ့တဲ့ ပြည်သူပိုင် စပါးလှောင် ဂိုဒေါင်ကြီးတွေဟာ အခုချိန်မှာတော့ ဗိုက်ကြီးအောင်မြင့် လက်ဝယ်ကို ရောက်ရှိပြီး နယ်ကထွက်တဲ့ စပါးအများစုကို သူသာလျှင် ပိုင်ဆိုင် သိုလှောင်နိုင်သူ ဖြစ်လာ ပါတော့တယ်။

ပဲနွယ်ကုန်းမြို့လမ်းမပေါ်မှာ လက်ညှိုးထိုး မလွဲတဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေ သယ်ပို့ လုပ်ငန်းတွေ လုပ် ကိုင်နေပါတယ်။ သစ်ခိုးထုတ်တဲ့ လုပ်ငန်းကို သူ့နာမည်နဲ့ ထင်သလို ခုတ်လှဲ ခဲ့တာကြောင့်လည်း အနောက်ပိုင်း ရိုးမတကြော တောင်ကတုံး ဖြစ်ခဲ့ရတာပါ။ ရွှေမန်းရဲ့ အဖေဖြစ်သူဟာလည်း လူမိုက်ကြီးတဦး လက်ရဲ ဇက်ရဲရှိတဲ့ လူသတ်သမား တဦးဖြစ်တယ်လို့ ဒေသခံ သက်ကြီးပိုင်း အဆိုအရ သိရပါတယ်။ ဒီတော့ လူမိုက် ဥာဏ်မဲ့ ကိုယ်ကျိုးရှာ မျိုးရိုးကနေ ဆင်းသက်လာပြီး အာဏာရလာတဲ့ မန်းမျိုးဆက်တွေဟာ ဒီနေ့လို စစ် အာဏာရှင် ဖက်ဆစ် ပဒေသရာဇစ် စနစ် ခေတ်ကောင်းနေခိုက်မှာ တော့ ထင်ရာစိုင်း ရိုင်းစိုင်း ယုတ်မာခွင့် ရနေအုန်းမှာ ဖြစ်ပါတယ်။ ဆက်လက် ယုတ်မာနေအုံးမှာ ဖြစ်တယ်။

အခု လောလောဆည်ဆည် စစ်ဘက်က ခင်းကျင်းနေတဲ့ နိုင်ငံရေး ခင်းကျင်းနေပုံကို သုံးသပ်ရရင် တိုးနိုင်မန်းလို လူမျိုးတွေ ဟာ ဖခင်တွေရဲ့ ကြိုးကိုင်မှုနဲ့ နိုင်ငံရေး အာဏာကို တဖက်လှည့် ရယူအုံးမယ့် အခြေ အနေ ဖြစ်ပါတယ်။ ဒီတော့ တပ်တွင်းက ညီနောင် အရာရှိ စစ်သည်တွေ အမြင်မှန်ဖို့လိုပါတယ်။ စစ်ရေး သုံးသပ်ချက် တွက်ချက်တတ်ဖို့ လိုပါတယ်။

မကြာမတင် အတွင်း ပြည်သူလူထုနဲ့ မိမိတို့ စစ်သားဘ၀ နိုင်ငံ့လက်တွေ့ဘ၀ကို ခံစားသိမြင်တဲ့ မျိုးချစ်စစ် သားတွေရဲ့ စစ်ရေးအမြင်နဲ့ အာဏာရှင် စနစ်ဖယ်ရှားရေး လုပ်ဆောင်ချက်တွေ စတင်ဖို့လိုပြီ။ ကျနော်တို့လို အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်က နှုတ်ထွက် လာခဲ့တဲ့ စစ်သားဟောင်းတွေ ပြည်တွင်းမှာ အဆင်သင့် ရှိနေပါတယ်။ ပြည်သူလူထုနဲ့ တတန်းတစား ထဲ နေထိုင်နေတဲ့ ကျနော်တို့ စစ်မှုထမ်းဟောင်းတွေ ပြည် သူ့ဆန္ဒကို အနီးစပ်ဆုံး သိရှိကြပါတယ်။ ရေပျက် မီးမမှန် အာဏာပိုင်တွေ နှိပ်စက်မှုကို လူးလှိမ့်ခံနေရတဲ့ အင်မတန် ဆင်းရဲသူ မြန်မာပြည်သူ လူထုကြီးဟာ လက်ရှိ စစ်တပ်တွင်းက မျိုးချစ်စစ်သားတွေရဲ့ ဖေါက် ထွက်လာမှုကို မျှော်လင့် ကြိုဆိုနေကြပါတယ်။

ဂျူနီယာဗိုလ်ကြီးတဦး။ ။
ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျွန်တော်တို့လည်း သမိုင်းကြွေးကို ဆပ်ဖို့ အဆင်သင့်ပါပဲ။ တပ်မတော်ကို ချစ်လို့ဝင်ခဲ့တယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ တပ်မတော်ကို ခုတုံးလုပ်ပြီး အမြတ်ထုတ်နေတဲ့ အသက် ၆၀ ကျော် ပင်စင်မေ့တွေကို ပြတ်ပြတ် သားသား တော်လှန်ဖို့ အချိန်ပါပဲ။ အခု တပ်မတော်အတွင်းမှာလည်း ဒီလို ငါ့ဘို့သမားတွေကို စက်ဆုတ်နေတဲ့ အရာရှိ၊ စစ်သည်တွေ အများကြီး ရှိပါတယ်။

ဗိုလ်ချူပ်မှူးကြီးသန်းရွှေဓါတ်ပုံကို ရုံးခန်းမှာ မချိတ်ဘဲ အိမ်သာထဲမှာချိတ်တဲ့ တပ်ရင်းမှူး ၊ နေ့စဉ် ဒီမအေ -ိုး မြန်မြန်သေမှ အေးမယ်ဆိုတဲ့ ဆဲဆိုနေတဲ့ တပ်ရင်းမှူးကြီးတွေ အများကြီးရှိပါတယ်။ တပ်ချူပ်ကြီးက ရောက်လေရာ ဒေသမှာ မုန့်လင်မယား စားချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကို မဆောင်ရွက်ပေးနိုင်လို့ ဘ၀ပျက်သွား ကြရတဲ့ စီနီယာကြီးတွေလဲ အခုဆို ဓားသွေးလို့ အခွင့်ကောင်းကို စောင့်နေကြပါတယ်။

ရုရှရောက်စစ်ဗိုလ်တဦး။ ။
အဲဒါထက် ပိုဆိုးတဲ့ အခွင့်ထူးခံ လူတန်းစား တွေမြန်မာပြည်မှာတင် မဟုတ်ဘူး ။ RU အထိ မှာတောင် ခံစားနေကြတဲ့ စစ်အာဏာရှင်တွေရဲ့ သားသမီး လူတန်းစား တစ်စုတွေ ရှိနေတယ်။

စစ်ဆေးတက္ကသိုလ်ဆင်းအရာရှိတဦး။ ။
မှန်ပါတယ်။ တိုးနိုင်မန်းလို ဗိုလ်လောင်းနောက်တစ်ကောင် ကျန်ပါသေးတယ်။ သူကတော့ တပ်မတော် ဆေးတက္ကသိုလ် အပတ်စဉ်(၁၀)က မနှစ်က သင်တန်းဆင်းသွားတဲ့ ကောင်းကျော်ဆွေပဲ ဖြစ်ပါတယ်။ ဒုချုပ် မောင်အေးရဲ့တူ ဗိုလ်ချုပ် မောင်မောင်ဆွေရဲ့ သားပါ။ သူရတဲ့ အခွင့်အရေးက ဗိုလ်လောင်းထက် မကပါဘူး။ သင်တန်းမှာ မာခ့်တူးကား စီးပီး တတ်တယ်။ ဘယ်လောက်အထိလဲ ဆိုရင် သူတို့အပတ်စဉ်က ဗိုလ်လောင်းတွေ က စာမေးပွဲရှိလို့ စာကျက်ရင် ကောင်းကျော်ဆွေကျက်တာ လိုက်ကျက်ရပါတယ်။ ဆေးရုံမှာ ဟောက်စ်ဆာဂျင် ဆင်းတော့လဲ အမှတ်(၂)ဆေးရုံလို တင်းကျပ်တဲ့ နေရာမှာတောင် သူ့ရည်းစား ရေဗက္ကာဝင်းနဲ့ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေတယ်။ ကျောင်းဆင်းတော့လဲ လေ့ကျင့်ရေး တခါမှ မလုပ်တဲ့သူက လေ့ကျင့်ရေး ထူးချွန်ဆုနဲ့ ကျောင်းဆင်းတယ်။ ဒါတောင် အောင်စစ်သည် ပေးချင်တာ ဆုရသွားတဲ့ ဗိုလ်လောင်းက တော်တော် ထူးချွန်လို့ ဘယ်လိုမှ ကျော်ပေးလို့ မရလို့သာ လေ့ကျင့်ရေး ထူးချွန်ဆုနဲ့ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။

တပ်မတော်ကျောင်းတွေမှာ ဒီလို မဟာဝင်တွေ သာကီဝင်တွေလို ကောင်တွေ ပါနေတာ အင်မတန် အသဲနာ စရာ ကောင်းပါတယ်။ ဒီကောင်တွေက သူတို့ဖခင်တွေ အရှိန်အ၀ါတွေနဲ့ ထင်တိုင်းကျဲနေတာ လုပ်ချင်တိုင်း လုပ် နေတာတွေဟာ ကျန်တဲ့ ဗိုလ်လောင်းတွေ အင်မတန် နစ်နာပါတယ်။ မဟာဝင် သာကီဝင်လို့ နာမည်တပ်နေတဲ့ ဒီကောင်တွေကို မြင်ရတာလဲ စိတ်ပျက်စရာ ကောင်းတဲ့ စစ်တပ်ထဲက လူနေမှုဘ၀ပါ။ မညီမျှခြင်း တခုပါ။

နောက်ဆက်တွဲကျန်ပါသေးတယ်။သင်တန်းဆင်းတဲ့ အရာရှိ ပေါက်စတွေကို မဆရ (စစ်မြေပြင်ဆေးတပ်ရင်း) တွေ ပို့ရပါတယ်။ ကုတင်အဆင့် ဆေးရုံတွေမှာ မထားရပါဘူး။ ကောင်းကျော်ဆွေ အပါအ၀င် ဒုချုပ်အိမ်က ထမင်းချက်ရဲ့ သားတောင်ပါ ပါတယ်။ ဒုချုပ်အိမ်က ထမင်းချက်ဆိုလို့ အထင်တော့မသေးပါနဲ့ ။ သူကလဲ ထမင်းသာ ချက်ရတာ အနေအထားက တပ်မမှုးလောက် ပါဝါရှိပါတယ်။ သူတို့၂ယောက် ကောင်းကျော်ဆွေနဲ့ ထမင်းချက်သား အာကာဟိန်းတို့ကို ရန်ကုန် စစ်ဆေးရုံနဲ့ နေပြည်တော် စစ်ဆေးရုံမှာ ထားပါတယ်။ ကျန်တဲ့ သူတွေ အားလုံးက-မဆရ-တွေမှာ နေရပါတယ်။

စစ်သား စစ်သားချင်း အတူတူ ဒီလိုခွဲခြားထားတာ တပ်မတော်လား ဘယ်သူခွဲခွဲ တို့မခွဲဆိုပီး သူတို့ဖာသာ ပြန် ခွဲနေတာ တပ်မတော်လား..။ သူတို့ရဲ့ မကင်းရာ မကင်းကြောင်းတွေလောက်သာ နေရာရတဲ့ တပ်မတော်မှာ သာမာန် ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ကဘာလဲ။ တပ်မတော်သားတွေ အားလုံး ဆင်ခြင်သင့်ပါပြီ။

ရုရှရောက်အရာရှိတဦး။ ။
ကောင်းကျော်ဆွေ ရဲ့ ဆရာရှိပါသေးတယ်။ တစ်ပါတ်စဉ်ထဲ ဆင်းတဲ့ ထူးခြားအောင်ပါ။ သူကတော့ ရထားဝန်ကြီး ဗိုလ်ချုပ် အောင်မင်းရဲ့သား ဝန်ကြီးဦးစိုးသာရဲ့တူ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သား အောင်ဇော်ရဲမြင့်ရဲ့ ယောက်ဖ ပါ။ အလွန်ဆိုးသွမ်း မိုက်ရိုင်းသူ ဖြစ်ပါတယ်။ ကောင်းကျော်ဆွေက သူသင်ပေးလို့ ဆိုးတတ်တာပါ။

စစ်မှုထမ်းဟောင်းတဦး။ ။
တပ်မတော်အတွင်းက အမှန်တရားကို လေးစားမြတ်နိုးတဲ့ အရာရှိ အရာခံ စစ်သည်ရဲဘော် အားလုံးကို လေးစားပါသည်။ ပြည်သူတွေ အားလုံး မျှော်လင့်နေကြတာကတော့ သမိုင်းဝင်မည့် တပ်မတော် အာဇာနည် သူရဲကောင်း ဘယ်တော့ မြန်မြန် ထွက်ပေါ်လာမလဲ ဆိုပြီးတော့ပေါ့။

၁၉၇၀ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံက ၁၈ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးနဲ့ နောက်လိုက် တချို့ကို သူ့ရဲ့ တပ်မတော် ထောက်လှမ်းရေးက အရာရှိ ဂင်ဂျယ်ဂရူး က အသေပစ်သတ် လုပ်ကြံ နိုင်ခဲ့ကြတယ်။ ကမ္ဘာ့ သမိုင်းမှာ အလားတူ အဖြစ်ပျက်တွေ အများကြီးရှိပါတယ်။ မကြာသေး ခင်တုန်းက ဘင်္ဂလားဒေ့ရှ်က မတရား အနိုင်ကျင့်ခံနေရတဲ့ စစ်သားတချို့က သူတို့ရဲ့ အရာရှိ ၄၀ ကျော်ကို တန်းစီခိုင်းပြီး အသေပစ်သတ်ရဲခဲ့ ကြတယ်။

ကိုယ့်အသက်ကို ပြည်သူတွေအတွက် စတေးပြီး အစီစဉ်ကျကျနဲ့ အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ ရင်ဘတ် တွေထဲ ခေါင်းတွေထဲကို ကျည်ဆံတွေ ပစ်သွင်းနိုင်မယ့် သူရဲကောင်း ၊ သာယာဝပြောတဲ့ မြန်မာပြည်ဖြစ်ဖို့ သမိုင်းကို ပြောင်းနိုင်မည့်သူ သမိုင်းတွင်မည့် တပ်မတော်သား အာဇာနည် သူရဲကောင်း အမြန် ထွက်ပေါ် လာပါစေ။

(ဖိုးတရုတ် ၀က်ဘ်ဆိုက်ဒ်က စာဖတ်သူတွေရဲ့မှတ်ချက်တွေကို စုစည်းတင်ပြထားတာပါ။)


0 comments:

အပေါ်သို့