..............................

Tuesday, May 12, 2009

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက် မချနိုင်ဟု ဆို

မိုးမခ အထောက်တော် ၀၀၅
မေ ၁၀၊ ၂၀၀၉

အပစ်ရပ်အဖွဲ့ကြီးတခု ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က လက်နက်ချမည် မဟုတ်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောလိုက်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ရှေ့နှစ်ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး ယူထားသည့် သူပုန် အဖွဲ့များကို လက်နက်ဖြုတ်ရန် သို့မဟုတ် ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်ပြောင်းရန် ညှိနှိုင်း နေချိန်တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည် အနာဂတ်အတွက် သင့်လျော်တဲ့ လမ်းပြမြေပုံ မရှိသေးဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။ သူသည် ကချင် လက်နက်ကိုင် အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

“ကျုပ်တို့ တိုင်းရင်းသားတွေက ဖယ်ဒရယ် ပြည်ထောင်စု အတွက် ကြိုးစားနေကြတာ။ သူတို့က ဒီအကြောင်း နားထောင်ချင်ကြတာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။

လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုချက်ကို “လက်မခံနိုင်” ဟု သူက ဆိုသည်။

KIA အရာရှိတဦးကလည်း စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောမတူဟု ပြောသည်။

“တိုက်ပွဲပြန်ဖြစ်ဖြစ် မဖြစ်ဖြစ် ငါတို့ကတော့ အသင့် ပြင်ထားရမှာပဲ။ ငါတို့ တပ် အင်အား ကောင်းမယ်ဆိုရင်၊ ငါတို့ ငြိမ်းချမ်းရေးက ရေရှည် ခိုင်မြဲမှာပဲ” ဟု ဗိုလ်သင်တန်း ကျောင်းအုပ် ဗိုလ်မှူး Zauja Nhkri က ပြောသည်။

Ref: မိုးမခ

0 comments:

အပေါ်သို့