..............................

Tuesday, December 11, 2012

ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး

2012-12-09

လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့ က ရွှေနဒီပရဟိတ ဘုန်းတော် ကြီးကျောင်းရှေ့ ကွင်းပြင်မှာ ဒီကနေ့ လူထု ပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြား လိုက်ပါတယ်။

"ကျွန်မတို့သွားတဲ့အခါမှာ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ လာကြိုရင်ဝမ်းသာတယ်၊ ကျွန်မကို လာကြိုလို့ ဝမ်းသာတာထက် သူတို့ နိုင်ငံရေးဗီဇ ရောက်သွားတာမို့လို့ ဝမ်းသာတာပါ၊ သူတို့တွေဟာ အသက်ကြီးလာတဲ့ အခါမှာ နိုင်ငံရေးကို ပိုပြီးတော့ ရင့်ရင့် ကျက်ကျက်နဲ့ တက်တက်ကြွကြွ လုပ်နိုင်မှာပါ"

ဒီကနေ့ ဟောပြောတဲ့ လူထုမိန့်ခွန်းမှာ ဘွဲ့ရ အလုပ်လက်မဲ့ပြသနာ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကြောင်းတွေကို အဓိကထား ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာ မကွေးမြသလွန် ဘုရားကွင်းမှာ မြို့ခံ လူထုတွေကို ဟောပြောခဲ့ပြီး ရေနံချောင်း မြို့နဲ့ ကျောက်ပန်းတောင်း မြို့တွေမှာ သွားရောက်ဟောပြောခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံ၊ ညောင်ဦးမြို့လေဆိပ်မှ ရန်ကုန်မြို့သို့ ညနေ ၅ နာရီမှာ ပြန်လည် ထွက်ခွာ သွားတယ်လို့ သိရပါတယ်။

Ref: RFA News "> RFA News

0 comments:

အပေါ်သို့