..............................

Thursday, December 13, 2012

မန္တလေး ရန်ကုန် စစ်တွေ ပုသိမ်မြို့ကြီးတွေမှာ သံဃာတွေ သပိတ် စတင်ပြီ

2012-12-12

လက်ပန်းတောင်းတောင် အရေးကိစ္စအပေါ် တောင်းဆိုထားတဲ့ တောင်းဆိုချက် (၃) ချက်ကို အစိုးရဖက်က လိုက်လျောမှု မရှိတဲ့ အတွက် မန္တလေးမြို့က သံဃာထု နဲ့ ထောက်ခံသူ နှစ်ထောင်နီးပါးလောက်ဟာ မန္တလေး၊ ချမ်းမြသာစည် မြို့နယ်၊ မဟာမြတ်မုနိ ဘုရားကြီးတောင်ဘက်မှာ ရှိတဲ့ ဦးပွား ဘုရားကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒီနေ့နေ့လည် (၁)နာရီမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က သံဃာထု ဒီဇင်ဘာလ ၁၂ ရက်နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး အစိုးရက တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့က ဆန္ဒုပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ စီစဉ်မှုနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ၊ မန္တလေးတိုင်းက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့တွေ အပါအ၀င် နိုင်ငံရေးအင်အားစုတွေပါ သံဃာတော်တွေနောက်ကနေ အင်အားဖြည့် အလံကိုင်ချီတက် လိုက်ပါခဲ့ကြပါတယ်။
ဦးပွားဘုရားဝင်းကို အာဏာပိုင်တွေက သော့ပိတ်ထားတဲ့အတွက် သံဃာတော်တွေဟာ ဘုရားဝင်းပြင်ပမှာပဲ စုဝေးနိုင်ခဲ့ကြပါတယ်။

အာဏာပိုင်တွေဖက်က အနှောက်အယှက် ပေးတာမျိုးမရှိပေမယ့် စောင့်ကြည့်မှတ်တမ်းယူတာတွေ ရှိတယ်လို့ သိရပါတယ်။

ဆန္ဒပြလမ်းလျှောက်တဲ့အဆုံးသတ်မှာ ဂဠုန်နီ ဆရာတော်ဦးကာဝိယက သံဃာတော်တွေနဲ့ လူထု ပရိသတ်ကို သြ၀ါဒ စကား မိန့်ကြားခဲ့ပြီး မနက်ဖြန်နေ့လည် (၁) နာရီမှာ အဲဒီ ဦးပွားဘုရားမှာပဲ စုဝေးပြီး ဆက်လက်ဆန္ဒပြဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့