..............................

Wednesday, December 12, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သွားရောက်

2012-12-11

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ကော့မှူး မြို့နယ်တွင်းက ဒေသခံတွေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက် ခရီးစဉ်အပါအဝင် မကွေးတိုင်းဒေသကြီးကို သွားရောက်ခဲ့ပြီး ဒီကနေ့မှာ ကော့မှူး မဲဆန္ဒနယ်ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ် ဝါးဘလောက်ကျေးရွာ အတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ကလေးငယ်တွေရဲ့ ပညာရေး အခြေအနေကို မေးမြန်းပြီး ပြည်သူတွေ မကြောက်မရွံ့နဲ့ အခြေအနေမှန်ကို ပြောပြနိုင်မှ တိုင်းပြည်ကို ကောင်းအောင် ပြုပြင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေအပြင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်စည်ပင်၊ တိုင်းစည်ပင်နဲ့ ဆောက်လုပ်ရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီှး ကော့မှူးမြို့နယ်တွင်းမှာ ပြည်သူတွေ အသုံးပြုများတဲ့ လမ်းတံတားတွေကို မိုးရာသီ မရောက်ခင် သက်ဆိုင်ရာက အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ဆောက်လုပ်ဆဲ ပေ ၆၀ ချောင်းတံတား၊ ဝါးဘလောက်သောက် ကျေးရွာအတွင်းက (၁) ရပ်ကွက်မှာ ရှိတဲ့ ဈေး၊ NLD ရပ်ကျေးရုံး၊ တိုက်နယ်ဆေးရုံ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်တဲ့ ခါတော်မှီကျောင်းတိုက်၊ စာသင်ဆောင်တွေ ပြိုကျပျက်စီးနေတဲ့ အ.ထ.က ၊ ဝါးဘလောက်သောက် စာသင်ကျောင်းနဲ့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ချောင်လမ်းတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အရင်ကော့မှူးခရီးစဉ်တွေအတွင်းက ပြောခဲ့ဖူးပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့