2012-10-01
အမေရိကန်နိုင်ငံကို (၈) ရက်ကြာခရီး သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ထောင်နဲ့ချီတဲ့ ပြည်သူတွေက ဒီကနေ့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆို ခဲ့ကြပါတယ်။ 
သမ္မတကြီး ဦးသိန်းစိန်ကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်တိုင်း ၀န်ကြီးချူပ် ဦးမြင့်ဆွေ၊ သမ္မတ အကြံပေး အဖွဲ့ဝင် ဦးတင်မောင်သန်း၊ နိုင်ငံရေး ပါတီတွေ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း စတဲ့ စီးပွားရေး အဖွဲ့အစည်းတွေ အပါအ၀င် လူအင်အား (၁၀၀၀) ကျော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ  လာရောက် ကြိုဆို ခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ  အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ပြုလုပ်တဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့  စက်တင်ဘာလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီး ဒီကနေ့ ပြန်လည်ရောက်ရှိ ခဲ့တာပါ။  
ကြိုဆိုသူတွေ ထဲက အဆိုတော် ကိုစည်သူလွင်က RFA ကို အခုလိုပြောပါတယ်။
“ဂီတအစည်းအရုံးက လာပြီးတော့ ကြိုဆိုကြတယ်လေ၊ သူစပြီးတော့ တာဝန်ယူတဲ့ အချိန်က စပြီးတော့ပေါ့နော်။ ပြောင်းလဲမှုတွေ အများကြီး ပြောတဲ့ အတိုင်းကို လုပ်ဆောင်တာလည်း တွေ့ရတယ်။ အဲဒီအတွက် ၀မ်းသာပါတယ်။ ကျွန်တော်တို့ ကတော့ အဓိက အနုပညာ သမားတွေ ဆိုတော့ပေါ့နော်။ ဘယ်သူပဲ တက်လာ တက်လာပါ၊ တကယ်နိုင်ငံ အတွက်  အကျိုးရှိမယ့် အလုပ်တွေ လုပ်တဲ့ သူကိုပဲ မျှော်လင့်ပါတယ်။ ဆက်ပြီးတော့ ဒီထက်မက အပြောင်းအလဲတွေလည်း ဆက်ပြီးတော့ ကြုံလိမ့်အုန်းမယ်၊ ဒီထက် ပိုပြီးတော့ ကောင်းလာ လိမ့်အုန်းမယ် လို့လည်း မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့က လေးစားပြီးသားပ။ါ အဲဒါကြောင့်မို့ လာကြိုတာပါ။”
သမ္မတ ဦးသိန်းစိန်ရဲ့အမေရိကန်ပြည်ထောင်စု ခရီးစဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့  တွေ့ဆုံခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အပြင် အာအက်ဖ်အေ မြန်မာပိုင်း ဌာန အပါအ၀င် တခြား သတင်းဌာနတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Ref:  RFA News 
Tuesday, October 2, 2012
သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံပြန်လည်ရောက်ရှိ
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment