..............................

Tuesday, February 21, 2012

ဒေါက်တာမြဥာဏစိုးကို NLD က ပါတီဝင်အဖြစ် လက်ခံ

2012-02-20

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဥာဏစိုးကို ပါတီဝင်အဖြစ် လက်ခံလိုက်ပြီလို့ မနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ကြေညာခဲ့ပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီးနောက်ပိုင်း ဒေါက်တာ မြဥာဏစိုးဟာ အန်အယ်လ်ဒီရဲ့ ပထမဦးဆုံး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်လေးမြို့နယ်က ဝင်အရွေးခံကြမယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အောင်နိုင်ရေး အတွက် ပါတီက တာဝန်ပေးထားတယ်လို့ ဒေါက်တာ မြဥာဏစိုးက ပြောပါတယ်။ ဒေါက်တာ မြဥာဏစိုးဟာ ၂၀၁၀ ရွေးကောက်ပွဲကာလက အန်အယ်လ်ဒီက ခွဲထွက်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တာပါ။

ဒါပေမယ့် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ၂၀၁၀ နိုဝင်ဘာလမှာ လွတ်မြောက် လာပြီးတဲ့နောက် မိခင်ပါတီနဲ့ NDF ပြန်လည် ပေါင်းစည်းရေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် NDF ပါတီက နှုတ်ထွက်ပြီး အန်အယ်လ်ဒီ ပါတီဝင်အဖြစ် ၂၀၁၁ ခုနှစ် ကုန်ပိုင်းလောက်မှာ လျှောက်လွှာတင်သွင်းခဲ့ တာဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့